သားဖြစ်သူဟာ တစ်ခုပြီး တစ်ခု ခံစားနေရတဲ့အတွက် ဆေးကုသမှု ခံယူနေရပြီဆိုတဲ့ ကျန်းမာရေး ဖြစ် စဉ်တွေကို မိခင်ဖြစ်သူ Lacey Spears က ရေးပြီး လူတွေ သူ့ရဲ့ ဘလော့ အပေါ် စိတ်ဝင်စားအောင် ဖန်တီးခဲ့တာလို့ ဆိုပါတယ်။
သာမာန် ကလေးတစ်ယောက်ကို နေမကောင်းအောင်လုပ်ပြီး ဆေးရုံ တင်ထားရတဲ့ ပုံတွေကို တင်ခဲ့သလို နောက်ပိုင်းမှာတော့ drip ပြွန်ထဲမှာ ဆားတွေ အဆမတန်ထည့်တဲ့အတွက် သေစေတဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
တရားလိုဘက်က ထောင်ဒဏ် ၂၅ နှစ်ပေးဖို့ တောင်းဆိုထားပေမယ့် တရားသူကြီးကတော့ အဲဒီ အမျိုးသ မီးက သူ့သားကို မပေးခဲ့တဲ့ သနားညာတာမှုကို ပေးပြီး ကြင်နာမှုကို ပြသပညာပေးတဲ့အနေနဲ့ အနှစ် ၂၀ သာ ထောင်ဒဏ် ချမှတ်တာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ဒီအမျိုးသမီးဟာ စိတ်ကျန်းမာရေး ချို့တဲ့မှု တမျိုးကို ခံစားနေရတာလို့လည်း ပြောလိုက်ပါတယ်။
ABC Radio Australia
ABC Radio Australia

မှတ်ချက်များ