ပြင်သစ် အဲ့လ်ပ် တောင်တန်းပေါ် ပျက်ကျခဲ့သွော Germanwings လေကြောင်းလိုင်း 4U9525 လေယာဉ် အပျက်အစီး များကြားမှ သေဆုံးသူ ရုပ်အလောင်းများ ရှာဖွေရေးကို ရပ်ဆိုင်း လိုက်ပြီ ဖြစ်ကြောင်း သိရ သည်။ တွဲဖက် လေယာဉ်မှူး အန်ဒရီလူဘစ်က သေကြောင်းကြံ ထိုးစိုက်ဆင်းကာ ကျောက် တောင်နဲ့ ၀င်တိုက်မှုကြောင့် လေယာဉ်ပေါ် လိုက်ပါသူ (၁၅၀)လုံး သေဆုံးခဲ့ရသည်။
သေဆုံးသူ အားလုံး၏ မျိုးဗီဇ ဒီအင်န်အေများကို ကောက်ယူ စုဆောင်းထားနိုင်ပြီ ဖြစ်သောကြောင့် ရှာဖွေရေး ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ လေယာဉ်အပျက် အစီးများ ကောက်ယူမှုကိုမူ ဆက်လက်ပြု လုပ်သွားမည်ဖြစ်သည်။ တွဲဖက်လေယာဉ်မှူး လူဘစ်သည် ပိုင်းလော့ သင်တန်း တက်နေစဉ် ၂၀၀၈ ခုနှစ်အတွင်း စိတ်ကျဝေဒနာ အကြိမ်ကြိမ် ခံစားခဲ့ရ ဖူးသလို၊ မိမိကိုယ်ကို သေကြောင်းကြံချင်စိတ် ဖြစ်နေမှု ကိုလည်း လေယာဉ်မှူး မဖြစ်ခင်တွင် စိတ်ကု ဆရာဝန်ထံ ကုသမှု ခံယူခဲ့ရ ဖူးကြောင်း သိရသည်။
စိတ် ကျန်းမာရေး အခြေအနေ မကောင်းကြောင်း၊ အနားယူ ကုသမှု ခံယူရမည် ဖြစ်ကြောင်း ဆေးစာ အများအပြား ကိုလည်း ဆုတ်ဖြဲ ထားသည်ကို မစ္စတာ လူဘစ်၏ နေအိမ်တွင် ရဲများက သိမ်းဆည်းရမိ ခဲ့သည်။ လေယာဉ်ကို ထိုးစိုက်ဆင်းခဲ့သည့် နောက်ဆုံးနေ့ မှာပင် ကျန်းမာရေး မကောင်းကြောင်း ဆရာဝန်၏ ညွှန်ကြားချက် ဆေးစာကို ဖြဲဆုတ်ထားခဲ့သည်ကို သိမ်းဆည်းရမိ ထားသည်။
နောက်ဆုံးနေ့ မတိုင်မီ တစ်ပတ်ခန့် အလိုကတည်းက မစ္စတာ လူဘစ်သည် လေယာဉ်မောင်းခန်း တံခါးကို မည်သို့ ပိတ်ရမည်၊ မည်သို့ သေကြောင်းကြံ ရမည်များကို ၎င်း၏ တဲဘလက် ကွန်ပျူတာဖြင့် အွန်လိုင်းတွင် ရှာဖွေကြည့်ရှုခဲ့ ဖူးကြောင်း အင်တာနက် အသုံးပြုမှု မှတ်တမ်းများက ဖော်ပြနေသည်။ Germanwings လေကြောင်းလိုင်း၏ မိခင်ကုမ္ပဏီ ဖြစ်သော လူဖန်ဆာ လေကြောင်းလိုင်းသည် နစ်နာကြေးများ ပေးလျော် ရန် အတွက် ဒေါ်လာသန်း(၃၀၀) သီးသန့်ဖယ် ထားကြောင်း သိရသည်။
messenger

မှတ်ချက်များ