တူရကီသွားပြီး စစ်ပြေးဒုက္ခသည်တွေကို နှစ်သိမ့်အားပေးခဲ့တဲ့ ဂျိုလီ
ဟောလီးဝုဒ် ရုပ်ရှင် သရုပ်ဆောင် အန်ဂျလီနာ ဂျိုလီဟာ တူရကီနိုင်ငံ အရှေ့တောင်ပိုင်းက ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီး စစ်ပြေး ဒုက္ခသည်တွေကို နှစ်သိမ့် အားပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဆီးရီယားနဲ့ အီရတ်နိုင်ငံက စစ်ပြေး ဒုက္ခသည်တွေဟာ တူရကီနိုင်ငံထဲကို ၀င်ရောက် ခိုလှုံခဲ့ပြီး ကုလသမဂ္ဂက နောက်ဆုံး ထုတ်ပြန်တဲ့ စာရင်းအရ ဒုက္ခသည် ၁.၆သန်းရှိနေတဲ့ တူရကီ နိုင်ငံဟာ ဒုက္ခသည် အများဆုံး လက်ခံထားတဲ့ နိုင်ငံဖြစ်နေပါတယ်။ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ ဒုက္ခသည် ၅၉.၇သန်း ရှိနေတယ်လို့ သိရပါတယ်။
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန်အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဂျိုလီဟာ ဒုက္ခသည်တွေကို စေတနာရှင်တွေ ပိုပြီး အာရုံစိုက်မိလာစေဖို့ အတွက် တူရကီကို မကြာခဏ လာရောက်ခဲ့ပြီး အဲဒီ အစီအစဉ်အရ ဒီတစ်ခေါက်က သူမရဲ့နောက်ဆုံး တူရကီ ခရီးစဉ်ဖြစ်ပါတယ်။
Nz (ရိုးရာလေး)



မှတ်ချက်များ