ဒီတစ်ပတ်မှာတော့ ဆရာချစ်စံဝင်းက လယ်တီဆရာတော်ဘုရားကြီးရဲ့အကြောင်းကို ပြန်ပြောင်း ပြောပြပေးထားသည်များကို စာဖတ်ပရိသတ်ကြီး အ တွက် ဖော်ပြ ပေး လိုက်ပါတယ်။ဆရာပြောပြချင်တာက သမိုင်းမှာ ပညာရှိသူတော်ကောင်း မျိုးချစ် နိုင်ငံချစ်သာသနာ့အာဇာနည် ဆရာတော်ကြီးတစ်ပါးရှိတယ်။ ဆရာတော်ကြီးက ကြည်ညိုစရာလည်း ကောင်းတယ်။
ဆရာ တော်ကြီးရဲ့ ရှားရှားပါးပါး အဖြစ် အပျက်တွေအကြောင်း ပြောပြချင် ပါတယ်။ အဲဒီ ဆရာတော်ကြီးက ဘယ်သူလဲဆိုတော့ တခြားတော့ မဟုတ်ပါဘူး။ လယ်တီဆရာတော် ကြီးပဲဖြစ်ပါတယ်။ လယ်တီဆရာ တော်ကြီးရဲ့ ဇာတိမြေက ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီးရွာဖြစ်တယ်။ အာလုံးသိကြ တဲ့ အတိုင်း ဒီပဲယင်း မြို့က ထူးထူးခြားခြား အခုလို ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးထွက်တယ်။ ဦးအဂ္ဂသမာဓိတို့ ပြီးတော့ တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦး ဥတ္တမသာရတို့၊ ဂဠုန် ဆရာစံတို့။
ဆရာတော်ကြီးက ဒီပဲယင်း မြို့နယ် စိုင်ပြင်ကြီးရွာမှာ ကြီးပြင်းလာပြီးတော့ ငယ်ငယ်လေးကတည်းက စာပေဝါသနာပါတယ်။ စာပေလိုက်စားတယ်။ ငယ်ငယ်လေးက တည်းက သူကကျေးစေရတုတွေ ဘာတွေရေးတယ်။ ကျေးငှက်တွေ ကို မှီပြီးတော့မှ ရတုတွေရေးတယ်။ နောက်သူ စာပေဝါသနာပါတဲ့အခါ ကျတော့ စာ လိုက်ဖတ် တယ်။ အဲဒီ အခါကျတော့ တော်တော်လေးကြီးလာတဲ့အခါ ကိုရင်ဘဝမှာပဲ ဒီပဲယင်းနယ်တစ်ဝိုက်မှာရှိနေတဲ့ ဘုန်းကြီးကျောင်းတွေက ပိဋကတ်တိုက်တွေမှာ ရှိတဲ့စာတွေ အကုန်လုံးဖတ်ပြီးသား ဖြစ်နေတယ်။ စာတွေတော်တော်လေး ရပြီးတော့ နေပြည်တော် တက်ပြီး စာသင်မှဆိုပြီးတော့ နေပြည်တော်မှာ တက်သင် တယ်။ နေပြည်တော်က မန္တလေးပေါ့။

နေပြည်တော်ရောက်တဲ့ အခါကျတော့ မြောက်ပြင်စံကျောင်းကြီးဆိုတာ အခုမန္တလေးမြို့ရဲ့ မန္တလေးတောင်ခြေမှာ ရှိတယ်။ မြောက်ပြင်စံကျောင်းကြီး ဆိုတာ ကတော့ မင်းတုန်းမင်းရဲ့ မင်းဆရာ ဦးဒဿနသီတင်းသုံးတဲ့ ကျောင်းကြီးဖြစ်တဲ့ အတွက် ပညာရှင်တွေလည်း ပေါ တယ်။ စာပေလည်း လေ့လာဆည်းပူးကြတယ်။ အင်မ တန် ကြီးကျယ်ခမ်းနားတယ်။ အခုတော့ မရှိတော့ဘူး။ မီးလောင်ပြီး ပျက်စီးသွားပြီ။သူက အဲဒီမှာနေပြီးတော့ စာစသင်တယ်။ နောက်ပြီးကျတော့ တိုင်းပြည်က အင်္ဂလိပ် လက်ထဲ ရောက် သွားတယ်။ အင်္ဂလိပ်လက်ထဲ ရောက်သွားတဲ့အခါကျတော့ လယ်တီဆရာတော်ဘုရားကြီးရဲ့ ဆရာက ယောအတွင်းဝန် ဦးဘိုးလှိုင်။ ဦးဘိုးလှိုင်ဆီမှာ သူက မြန်မာစာကို ကောင်းကောင်းသင်တယ်။ အဲဒီတော့ သူအဲဒီကနေ မြန်မာစာ ပေဘက်ကို တက်လာတယ်။
ဦးဘိုးလှိုင်ဆီက သူဘာတတ် လဲဆိုတော့ မြန်မာစာကို အရိုးရှင်း ဆုံး ဘယ်လိုရေးရမလဲ ဆိုတာကို ဦးဘိုးလှိုင်ဆီက တတ်တယ်။ ဟိုး အရင်တုန်းက ဆရာတော်ကြီးတွေ က တရားတွေ ဘာတွေ ဟောရင် ပါဠိလိုဟောတာ။ ပါဠိဆိုတာကလည်း လူတွေနှင့်မဆိုင်ဘူး။ နတ်တွေနှင့်ပဲ ပတ်သက်တဲ့ အရာလို့ထင်ကြတယ်။ လူတွေက နားမ လည်ကြဘူးလေ။ အဲဒီလိုကျတော့ ဆရာတော်ကြီး ခေတ်ရောက်လာတော့ လူတွေနားလည်မှ ဘုရားဟောထားတာကို လိုက်နာကျင့်သုံးလို့ ရမယ်ဆိုပြီး မြန်မာ လိုဟော တယ်။ အရင်ကဆိုရင် ယပ်တောင်ကာပြီးတော့ တစ်သံတည်းနဲ့ ဟော နေတယ်။

လယ်တီဆရာတော်ကြီး လက်ထက်ကျတော့ အဲ့ဒီလိုမဟုတ်ဘူး။ ယပ်တောင်ကြီးကို လှဲချလိုက် ပြီးတော့ ယပ်လှဲတရားတော်လို့ ခေါ်တယ်။ ယပ်တောင်ကြီးကို လှဲချပြီး ပရိသတ်ရဲ့ မျက်နှာကိုသေချာကြည့်ပြီး ကုသိုလ်ဆိုတာဘာလဲ အကုသိုလ်ဆိုတာ ဘာလဲဆိုပြီး သေချာနားလည်အောင်ဟောသွားတာ ၁၉ဝ၄နှစ်လောက်မှာစပြီး တော့ ဘာလုပ်လဲဆိုတော့ အင်္ဂလိပ်တွေက မြူနီစပယ်ဆိုင်ခန်းတွေဖွင့်ပြီး အဲ့ဒီဆိုင် ခန်းတွေမှာ အမဲသားသတ်လိုင်စင်ကို ချပေးလိုက်တယ်။ အရင်က အမဲသားဆိုတာ မရောင်းရဘူး။ ခိုးရောင်းတဲ့သူတွေတော့ရှိတယ်။ ဒါကြောင့် အရင်က အမဲသားကို တိုး တိုးသားလို့ခေါ်ကြ တယ်။ အင်္ဂလိပ်က အမဲသားအတွက် သားသတ်လိုင်စင်လည်း ချပေးလိုက်တယ်။
အဲဒီမှာ လယ်တီဆရာတော်ဘုရားကြီးက အမဲသားမစားရေး တရားကို ဟောတယ်။အမဲသားနွားသားဆိုတာ လူတို့ရဲ့ ကျေးဇူးရှင်ဖြစ်တယ်ဆိုတာကို တိတိကျကျဟောတယ်။ လူတွေကလည်း လယ်တီဆရာတော်ဘုရား ကြီးရဲ့တရား ကိုနားထောင်ပြီး အမဲသားမစားကြဘူး။ ဘိုးဘွားတွေ လက်ထက်ကတည်းက အမဲသားမစားတဲ့လူတွေက ဆရာတော်ဘုရားကြီးရဲ့ တရားကိုလိုက်နာကြတယ်။ အဲ ဒါပြီးတော့ အင်္ဂလိပ်ကနောက်ကျတော့ အရက်လိုင်စင်ချပေးတယ်။ အရက်ကလည်း အရင်က မြန်မာဘုရင်လက်ထက်မှာ တရားဝင်ရောင်းဝယ်ဖောက်ကား ရတဲ့အရာမ ဟုတ်ဘူး။
အဲဒီအခါ ကျတော့ လယ်တီဆရာတော်ဘုရား ကြီးက ဘာလုပ်လဲဆိုတော့ အ ရက်သေစာ မသောက်စားရေးကို ကဗျာနှစ်ပုဒ် ရေးပြီးတော့တားတယ်။ အဲဒါနဲ့ လူတွေကလည်း အရက်ရှောင်ကြတယ်။ အရင်ကတော့ ဘုံဆိုင်လို့ခေါ်တယ်။ ဆရာ တော်ကြီးကို အကြောင်းပြုပြီးတော့ ဘုံဆိုင်တွေပိတ်သွားတယ်။ ဘုံဆိုင်တွေ ပိတ်သွားတဲ့ အထိအောင် ကို လယ်တီဆရာတော်ကြီးရဲ့ အဆုံးအမကို လိုက်နာကြတယ်။
နောက်တော့ အင်္ဂလိပ်ကဘာလုပ်သေးလဲဆိုတော့ လောင်းကစားဝိုင်းတွေ ထောင်တယ်။ အခုခေတ် လွတ်လပ်ရေးနေ့တို့ ဘာလို့လုပ်သလိုပဲ အဲဒီတုန်းကလည်း အထိမ်းအမှတ်နေ့တွေ လုပ်ကြတယ်။ အဲဒီအခါကျတော့ လောင်းကစားတားမြစ်ရေး ကဗျာတွေရေးတယ်။ အဲဒါက အင်္ဂလိပ်လုပ်တာကို လိုက်ဆန့်ကျင်တာ။ ဒီရွာတစ်ရွာ မှာ အမဲသားမစားတဲ့လူ ခုနစ်ယောက်ရှိမယ်။ အရက်မသောက်တဲ့လူ ခုနစ်ယောက်ရှိမယ်။ ဆရာတော်ကြီးကို လှူတယ်ဆိုရင် အဲဒီရွာကို ဆရာတော်ကြီးက ရောက်ေ အာင် သွားပြီးတော့ လေးနက်တဲ့ အဘိဓမ္မာတရားတွေကို နားလည်လွယ်တဲ့ စကားလုံးတွေနှင့် ဟောတယ်။
ရွာထဲမှာ အမဲသားလှူတဲ့လူ လောင်းကစားမလုပ်တဲ့လူတွေ အများကြီး ပေါ်လာတယ်။ မြန်မာ ဘုရင် လက်ထက်မှာတုန်းက လူသုံးယောက်ထက် ပိုပြီးအဖွဲ့အစည်းမဖွဲ့ရဘူး။ ဖွဲ့ရင်ဘုရင်တွေက ပုန်ကန်တယ်ဆိုပြီး အပြစ်တွေ ပေးတယ်။ လယ်တီဆရာတော်ကြီး လက်ထက်ကျတော့ အမဲသားမစားတဲ့လူတွေ အရက်မသောက်တဲ့လူတွေ လောင်းကစားမလုပ်တဲ့ လူတွေအများကြီးပေါ်လာတယ်။ အဲဒီအခါကျတော့ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတော့ မင်းတို့ရွာ သန့်ရှင်းရေးလုပ်ဆိုပြီးတော့ အစုအဖွဲ့လေးတွေဖွဲ့ကြကွာဆိုပြီးတော့ ကလျာဏယုဝအသင်း နာမည်ပေးတယ်။

အဲဒီအသင်းကရွာထဲမှာ လူစုရေးကို ကာလသား ကာလသမီးတွေ ဝိုင်းလုပ်ကြပေါ့။ အဲဒီအသင်းကနောက်တော့ အသင်းဝင် ပေါင်းတစ်သိန်းလောက် ရှိလာတယ်။ အဲဒီကနေပြီးတော့YMCA ကနေGCBA တစ်နိုင်ငံလုံး ပါဝင်ပတ်သက်လာတယ်။ ပြီးတော့ သခင်ကိုယ်တော်မှိုင်းတို့ ပါဝင်လာတယ်။ နောက်ကျတော့ အဲဒီမှာသခင်အောင်ဆန်းတို့ ပါဝင်လာပြီးတော့ မြန်မာနိုင်ငံလွတ်လပ်ရေး ရတဲ့အထိ ဆရာတော်ကြီးကလမ်းပြပေးသွားတာပေါ့။ မြန်မာ့လူ့ ဘောင်မှာ သာသနာ ပျောက်သွားလို့မရဘူး။ လူမျိုးပျောက်ရင် သာသနာပါပျောက်မှာ။ လူမျိုးမပျောက်ဖို့ အရေးကြီးတယ်ဆိုပြီးတော့ မြန်မာလူမျိုးမပျောက်အောင်လိုက်ပြီးတော့ တရားဟောတယ်။ လူမျိုးမပျောက်အောင်ဆိုရင် မြန်မာကို ကမ္ဘာကသိဖို့လို တယ်ဆိုပြီးတော့ နိုင်ငံခြားသာသနာပြုအသင်းကြီး တစ်ခုတည်ထောင်ခဲ့တယ်။
နောက် ပြီး အင်္ဂလန်နိုင်ငံသည် ပါဠိနဲ့ပတ်သက်ပြီး ပြည့်စုံတဲ့ နိုင်ငံ တစ်ခုဖြစ်တယ်။ သူတို့ဆီမှာပါဠိနှင့် ပတ်သက်ပြီး တတ်တဲ့လူလည်းပေါတယ်။ ပေါတဲ့အခါကျတော့ လန်ဒန်ကနေပြီးတော့ ပါဠိနှင့်ပတ်သက်ပြီး မသိတာမရှင်းတာမေးရင် လယ်တီ ဆရာတော်ဘုရားကြီးက ဒိုင်ခံဖြေတယ်။ အဲဒီလုပ်ငန်းလုပ်ပြီးတော့ ပထမကမ္ဘာစစ်ဖြစ်ပြီး စစ်ထွက်တိုက်တဲ့ အခါမှာ စစ်သွားတိုက်တဲ့ မြန်မာတွေကို အားပေးတယ်။ လက် ဖွဲ့တွေ ဂါထာတွေလုပ်ပြီးတော့ ဆရာတော်ကြီးရဲ့အားပေးမှုနှင့် အတူသွားပြီးတော့ ပထမကမ္ဘာစစ်မှာပါဝင်ခဲ့တဲ့ သူရဲကောင်းတွေအတွက်ပေါ့။
လယ်တီဆရာတော်ဘုရားကြီးက အဲဒီလိုတိုင်းပြည်ကို လွတ်လပ်ရေးရအောင်နဲ့ အမျိုးဘာသာသာသနာ ထွန်းကားအောင် ကြိုးပမ်းခဲ့တဲ့ ဆရာတော်ကြီးဖြစ်ပါ တယ်။ ဆရာတော်ကြီး ပျံလွန်တော် မူသွားတဲ့အခါကျတော့ ဆရာတော်ကြီး ရေးသားပြုစုခဲ့တဲ့ ကျမ်းစာအုပ်ပေါင်း တစ်ရာကျော်ကျော် ကျန်ရစ်ခဲ့တယ်။ မုံရွာမှာ လယ်တီ ကျောက် စာတိုက်ဆိုပြီးတော့ ဖွင့်လှစ်ထားတယ်။
ဆရာချစ်စံဝင်း ပူဇော်ပြောပြသည်
Popular Journal

မှတ်ချက်များ