၁၆ နှစ်တာ ပုံစံသစ်ဂီတ မြန်မာ Hip-Hop ယဉ်ကျေးမှုအရွေ့လှိုင်း


စကားဦးအနေနဲ့ မြန်မာ့ Hip-Hop ဂီတလောကအတွက် အကြံပေးမှုလို့ပဲမြင်ပြီး ဒီဆောင်းပါးကို နှလုံးသွင်းစေချင်ကြောင်း ကျွန်တော်ဆိုပါရစေ။Hip-Hop ဆိုတာ ယဉ်ကျေးမှုအဖြစ် ရပ်တည်တယ်လို့ ကမ္ဘာက အတည်ပြုကောက်ချက်ချတဲ့အချိန်က မြန်မာနိုင်ငံမှာ Hip-Hop က သန္ဓေတောင်မတည်သေးပါဘူး။ စာတမ်းဖတ်ပွဲတွေ များစွာကျင်းပပြီး အနာဂတ် Hip-Hop ကနေ ဆက်လက်ဖြစ်ပွားလာမယ့် အဆိုးအကောင်းတွေကို ချဉ်းကပ်မှု ပေါင်းမျိုးစုံနဲ့ ကျွန်တော်တို့တန်ဖိုးထားတဲ့ Hip-Hop ကို စာ တမ်းပြုစုပြီးနေပြီး တချို့ဆို Hip-Hop နဲ့ Doctorate ဘွဲ့တွေရသွားကြပြီ။ 

ချဉ်းကပ်ပုံ မတူတာတွေကိုကြည့်ခြင်းအားဖြင့် အမြင်သစ်၊ အတွေးအခေါ်အသစ်၊ လှုပ်ရှားမှု အ သစ်၊ ပါဝင်ပြုလုပ်ပုံအသစ်စတဲ့ အမြောက်အမြားပြောင်းလဲမှုဖြစ်စဉ်ကြီးကို Hip-Hop ယဉ်ကျေးမှုအပေါ် အခြေခံပြီးတိုးတက်ပြောင်းလဲမှု၊ ဆုတ်ယုတ်ပျက်စီးမှုတွေကို ပညာကနေတစ်ဆင့် မွေးထုတ်ပေးလိုက်တဲ့ အမြင်သစ်တွေနဲ့ လှမ်းသွားလို့ရခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီနေ့မြန်မာနိုင်ငံရဲ့ Hip-Hop အခြေအနေက ဘယ်ဘက်ကို ဦးတည်သွားနေသလဲ။ American Hip-Hop ဦးဆောင်မှုနောက် တစ်သဝေ မတိမ်းလိုက်နေတုန်းပဲလား။ ဒါမှမဟုတ် ဈေးကွက်ကိုအခြေတည်တဲ့ Concert မှာ သီဆိုဖျော်ဖြေမှ အောင်မြင်နိုင်မယ်ဆိုတဲ့ လားရာဘက်ကိုဦးတည် နေတာလား။ ဒါဆိုရင် ဒီယဉ်ကျေးမှု ကနေ မြန် မာနိုင်ငံအတွင်းမှာ နှစ်တွေသိပ်မကြာခင်က ပေါက်ပွားလာတဲ့-

- Breaking (2010)
- Djaying (Turntable DJ from Mandalay 2010)
- Graffiti (2002)

ဒီလိုမျိုး Hip-Hop အနုပညာ ဦးစားပေးပေါ်ထွန်းလာတဲ့ အရာတွေက ကျွန်တော်တို့ လွန်စွာမှ တန်ဖိုးထားတဲ့ Underground ထဲမှာ အခုအချိန်အခါအထိ ရုန်းကန် ရှင် သန်နေရဆဲဖြစ်တယ်။ ဒါဆို Hip-Hop ဂီတကို ဗဟိုပြုနေတဲ့ ရှင်သန်ပုံကစဉ်းစားစရာဖြစ်လာပြီ။ Mainstream မဖြစ်ခင်၊ မအောင် မြင်သေးခင်ပေါ့ဗျာ။ အဲဒီ လို အချိန်မျိုးနဲ့ အောင်မြင်ပြီးအချိန်အခါတွေမှာ အရေခွံတွေ ခွာခွာပြီးလဲကြတာ ခဏခဏတွေ့လာရတယ်။ ဒီလိုမျိုးအချိန်အခါမှာ အနုပညာတန်ဖိုးတွေ အပျိုရည် ပျက် ခဲ့ရ တယ်။

 အောင်မြင်မှုအတွက်ရယ်၊ ငွေကြေးအတွက်ရယ်ကို အနုပညာအပျိုစင်ဖြစ်မှုကို အတ္တကြီးမှုနဲ့ ရှေ့တန်းတင်ပြီး ထိုးကျွေးလိုက်တယ်။ အသံတွေ တစ်ဆင့် တစ် ဆင့် ပြန်ကြားလာရတယ်။ သူ့ရဲ့သီချင်းတွေက Underground မှာလောက် မမိုက်တော့ဘူး၊ ဘာဘူးညာဘူး ဖြစ်သွားခဲ့ရတယ်။ မိမိဖန်တီးထားတဲ့ အနုပညာ ကို ဝေ ဖန်ခံရတာလောက် ဒီကမ္ဘာမှာ ရှက်ဖို့ကောင်းတာမရှိဘူး။ 

ဒါပေမဲ့လည်း ဂရုမစိုက်ဘူးဆိုပြီး ပင်လယ်ရေခပ်မကုန်ဆိုတဲ့ ငွေကြေးအခြေပြု အနုပညာ ရောင်းထုတ်ပွဲဆီသို့ ပို၍သာ လှမ်းတက်သွားကြတယ်။ ငွေကြေးအတွက်၊ သားကောင်ဖြစ်မှု အတွက် ရှက်ကြောတွေဖြတ်နိုင်ခဲ့တယ်။ ဒီလိုနဲ့ပဲ ငွေကြေးဗဟိုပြု အနုပညာ မပါတဲ့ အောင်မြင် မှုတွေ ဆွတ်ခူးနိုင်ခဲ့တယ်။ ဒါက Underground Hip-Hop ကနေ Mainstream Hip-Hop ကို ကူးပြောင်းလာတဲ့ အရည်ခွံလဲလောကသားတွေကို ကျွန်တော်မြင်ေ တွ့ရ တာပါပဲ။

Underground Hip-Hop Mixtape အခွေကို အဖွဲ့တစ်ဖွဲ့က စစချင်း ပိုက်ဆံနဲ့ရောင်းရ မယ်လို့ မြင်မိတယ်။ ရောင်းဈေးကတော့ ကျပ် ၂ဝဝ ကနေ ကျပ် ၅ဝဝ အတွင်း မှာဖြစ်သင့်တယ်။ ဒါပေမဲ့ မရောင်း ခင်မှာ အမြည်းသဘောလောက် Online မှာကြော်ငြာရလိမ့်မယ်။ အနုပညာတစ်ခုကအလကား ပေးရတာ ပြဿနာမဟုတ်ပါဘူး။ အနု ပညာဖန်တီးခွင့်က တချို့သူတွေအတွက် ဘဝနဲ့ရင်းပြီးလုပ်ကိုင်ရတာ တွေရှိတယ်။ အဲဒီလို လူများရဲ့အနု ပညာကို ဆက်လက်ဖန်တီးနိုင်ဖို့ တစ်ဖက်တစ်လမ်းကနေ ကူညီ ရင်တော့ ကောင်းတယ်လို့ လတ်တလော စဉ်းစားလို့တော့ရပါတယ်။

အနုပညာဖန်တီးမှုအားကို ကြည့်ပြီး ဒီအနုပညာက ဆက်လက် ပြီးရှေ့ဆက်မှာလား၊ ခဏတစ်ဖြုတ် လောက်ပဲ လုပ်တာလားဆိုတာလည်း ကိုယ့်ဘာသာကိုယ် ဆုံးဖြတ် လို့ရပါတယ်။ (ဒါက ၂ဝဝ သို့မဟုတ် ၅ဝဝ ကျပ်နဲ့ ရောင်းလာမယ့်အခွေကို မဝယ်ခင် အမြန်စဉ်းစားသင့်တဲ့အချက်ကိုရေးတာပါ) ပရိသတ်ကပါ အားပေးမှ၊ Underground Hip-Hop Mixtape ကို ဝယ်ယူအားပေးမှ ဒီဈေးကွက်ပေါ်လာလိမ့်မယ်။ အဲဒီလို ဝယ်ယူအားပေးလို့ရအောင် Underground Hip-Hop အဖွဲ့တစ်ဖွဲ့က စတင် အကောင်အထည်ဖော်ပြီး ဈေးကွက်ကိုစဖော်မှ Underground Hip-Hop Mixtape ဈေးကွက် ပေါ်ပေါက်လာမယ်။

Hip-Hop လောကကျယ်ပြန့်ဖို့က Underground Hip-Hop ရဲ့အားကအလွန်အရေးပါပါတယ်။ မြန်မာနိုင်ငံမှာ Hip-Hop စပေါ်လာခဲ့တာ ၁၆ နှစ်ကျော်ခဲ့ပြီ။ Tu Ballz, Figi-D & Room 7 က စခဲ့တာ။ ACID, Theory တွေဖြစ်လာတဲ့အချိန်အထိ ဒီအဖွဲ့တွေအားလုံးကလည်း Underground Hip-Hop ကနေတက်လာခဲ့တာပါ။ ဒါပေမဲ့ ဘာတွေတွေ့လာရလဲဆိုတော့ Break Dancers, Turntable DJs & Graffiti Writers တွေကတော့ မြန်မာ့ Hip-Hop မှာ လုံးဝရှားပါးနေတာ။ ပြီးခဲ့တဲ့ ၁၆ နှစ်အတွင်း ပြန်ကြည့်ရင် ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။

MCees တွေ မှိုလိုပေါက်လာတာ ကောင်းတဲ့အားပါ။ Hip-Hop က Culture တစ်ခုအနေနဲ့ ရပ်တည်ရတာ။ ဒါပေမဲ့လိုအပ်နေတဲ့အားကိုဖြည့်မှ Hip-Hop ရဲ့အနာဂတ် ကပိုပြီးကောင်း စေမှာပါ။ Culture တစ်ခု ရွေ့လျားဖို့ Hip-Hop ရဲ့ အဓိက Elements တွေဖြစ်တဲ့ DJ, Graffiti, Beatbox & Break ကပါ အတူရွေ့လျားမှ အခြေပိုခိုင် မယ်။ သီချင်းတစ်ခုတည်း ဖန်တီးပြီး Hip-Hop ကို ဆက်လက် ရှင်သန်ဖို့က ရင်လေးစရာပါ။

၂ဝဝ၄ နောက်ပိုင်းမှာ Graffiti Writers တွေထွက်လာပြီ။ ၂ဝ၁ဝ နောက်ပိုင်းမှာ Turntable DJs မန္တလေးကနေပြီး Hip-Hop DJs ပေါ်လာပြီ။ ဒါဟာ Hip-Hop Culture အတွက် ရောင်နီသန်းတာဖြစ်လို့ ပီတိဖြစ်မိတယ်။ အားအနည်းဆုံးက Breaking လုပ်မယ့် B-Boys & B-Girls ခုထိ မတွေ့သလောက်ရှားနေတာပဲ။ ဒါဟာ Underground Hip-Hop Culture ကို ကျွန်တော်မြင်ခဲ့တာတွေပဲလို့ဆိုရင်း ၁၆ နှစ်တာ ဂီတပုံစံသစ်နဲ့ မြန်မာ Hip-Hop ယဉ်ကျေးမှုအရွေ့လှိုင်းအပေါ်ကို ကျွန်တော့် ရဲ့ အကြံပြုချက်များ အဆုံးသတ်လိုက်ရပါတယ်။

အနဂ္ဂ - Popular News Journal

မှတ်ချက်များ