ပြန်လည် နိုးထလာ တော့မည့် ဘောလုံး ရွှေခေတ်ဆီသို့ (သို့မဟုတ်) မြန်မာဘောလုံး အသင်း

ဓာတ်ပုံ-အောင်ဇော်မင်း၊အောင်နိုင်စိုး(ကစ္ဆပ)
မြန်မာ့ဘောလုံး ငွေခေတ်ဟု ဆိုနိုင်သည့် ၁၉၉၃-၉၅ ကာလ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ များကိုယခုလက်ရှိ အသက်၂၅ နှစ် နှင့် ၃ဝ ဝန်းကျင် ရှိကြသော လူငယ် လူလတ် များသည် လက်လှမ်းမီ နိုင်ခဲ့ သည်။ ထိုကာလ၏ အောင်မြင်မှု အသီးအပွင့် များကို ကလေးဘဝမှ ခံစားနိုင်ခဲ့ကြသည်။ ထိုအချိန်က တစ်ပြည်လုံး တွင် လည်း အောင်ကျော် ကျော်၊ တင်မြင့်အောင် ၊မောင်မောင်ရီ၊ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ ကြည်လွင်၊ ဝင်းအောင် စသည့် နာမည် များက ၁၉၉ဝ ခုနှစ်ရှေ့ပိုင်း ဖွားမြင် ကြ သူများကြား အလွန် ရေပန်းစားခဲ့ သည့်အမည်နာမ များ ဖြစ်သည်။ 

ထိုကာလများ၏ နောက်ပိုင်း ကာလ များတွင် မြန်မာပြည်ဘောလုံး လောက သည်အတန်ငယ်မှေးမှိန် ခဲ့ပြီးနိုင်ပွဲ များပျောက်ရှ ခဲ့ရသည် ။ဘောလုံးနှင့် ပတ်သက်လျှင် လျှော့ကြည့်တတ်သော စိတ်ထားများ မြန်မာပြည်သူ တို့ကြား ကိန်းအောင်းခဲ့ ရသည်။ သရေဖြင့် ကျေနပ် ရသည်များ၊ ရှုံးပွဲအနည်း ငယ်ဖြင့်ကျေနပ်ရ သည်များ သာများ ခဲ့ပြီးအနိုင်ကို မမျှော်လင့်ရဲသည့် အခြေအနေ တစ်ရပ်ထိ ဖြစ်ခဲ့ရလေသည်။

မြန်မာ့ဘောလုံးသည် ၁၉၆ဝ ခုနှစ် မှ ၁၉၇ဝ ခုနှစ်ကျော်ဝန်းကျင် ကာလ များတွင်ရွှေခေတ် ဖြစ်ခဲ့ပြီး ရွှေတံဆိပ်များ အလီလီဖြင့် အောင်ပွဲဆက် ကာလ များဖြစ်ခဲ့သည် ကိုထို ကာလတွင် အမှန်တကယ် ဖြတ်သန်းခဲ့သူတို့၏ လွမ်းဆွတ်စွာ ပြောကြားသံ များကနေ တစ်ဆင့်ကြားခဲ့ရဖူးသည်။ အရှေ့တောင် အာရှ ကျွန်းဆွယ် (ယခုအခေါ် ဆီးဂိမ်း ပြိုင်ပွဲ)၊ မာဒေးကား ဖလားပြိုင်ပွဲ၊ အာရှလူငယ် ပြိုင်ပွဲ၊ အာရှအားကစား ပြိုင်ပွဲစသည့် ပြိုင်ပွဲအသီးသီး တွင် အာရှမှာ မြန်မာက သာ အနိုင်ယူဗိုလ် စွဲနိုင်ခဲ့ပြီး အောင်ပွဲ ဂုဏ်ပြု သီချင်းဖြစ် သည့် “အာရှမှာမြန်မာကသာ အနိုင် ယူဗိုလ်စွဲရမည်” ဆိုသော သီချင်းသံ သည်လည်း အကြိမ်ကြိမ် အခါခါ ကြက်သီးမွေးညင်း ထအောင် တိုင်း လုံး ညံစေခဲ့သည်။

သို့သော် ၁၉၉၅ ခုနှစ်နောက်ပိုင်း ကာလများမှ စတင်ကာ ထိုအနိုင် သီချင်းသံများ တဖြည်းဖြည်း ဆိတ် သုဉ်းခဲ့ရပြီး ခါးသီးနေ့စွဲ များကိုသာ ပိုမိုရင်ဆိုင်ခဲ့ ရ သည်။သို့သော်ငြား လည်း ဘောလုံး အားကစားသည် လူငယ်လူကြီး အရွယ်စုံ၏ နှလုံးသား တွင် သည်းခြေကြိုက် ဖြစ်မြဲဖြစ်နေ သည်ကို မြန်မာပြည်၏ ရပ်ကွက်လမ်း များပေါ် မှဘောလုံးပြိုင်ပွဲ များနှင့် ကျောင်းအားကစားကွင်း များမှပြိုင်ပွဲများ၊ မြို့နယ် အားကစားပွဲမှ မြို့နယ် အလိုက်ပြိုင်ပွဲများမှ တစ်ဆင့်သိသာ ထင်ရှား စွာမြင်တွေ့နိုင်ပေ သည်။ 

ထိုမှ တစ်ဆင့် ၂ဝဝဝ ပြည့်နှစ်ကျော် ကာလ များတွင် မြန်မာပြည်တွင်း ကလပ် များပေါ်ပေါက်လာကာ ပြည်တွင်း ဖလား ပြိုင်ပွဲများ ဖန်တီးပြီး မြန်မာ့ ဘောလုံး အဆင့် ကို ပိုမိုမြှင့်တင်လာ ခဲ့ကာ နိုင်ငံတကာ ပြိုင်ပွဲ အသီးသီးတွင် ဝင်တိုးနိုင်ခဲ့ပြီးကြေးခေတ် နီးပါး ရောက်နေသော မြန်မာ့ဘောလုံး ခေတ်ကို သက်ဆိုင်ရာ လူကြီး များက ပြန်လည် အရှိန်မြှင့်တင်မောင်းနှင် လာခဲ့ကြသည်။ ထိုမောင်းနှင်အား များ နှင့်အတူ နိုင်ချည် တစ်ခါ ရှုံးချည်တစ် လှည့်ဖြင့် တရွေ့ရွေ့ ဆက်လက် ရှေ့ချီ တက် လာရာ ယခု ၂ဝ၁၅ ခုနှစ် ကာလတွင်တော့ အောင်မြင်မှုကို ဆာလောင်ကြသူ မြန်မာဘောလုံး သမားများနှင့် မြန်မာပရိသတ်များ အတွက် မျှော်လင့်ချက် ရောင်ခြည် များ ပြန်လည် ထွန်းတောက်လာခဲ့ သည် ဟုပြောရမည်။ MNL ကလပ် ပြိုင်ပွဲများမှသည် ဗိုလ်ချုပ်အောင် ဆန်းဒိုင်းပြိုင်ပွဲအထိပြောင်းလဲ ကျင်း ပမှုရှိလာခဲ့သည်။

ပြည်တွင်း ကလပ်အသီးသီး က ပေါ်ထွက်လာသော လူငယ် မျိုးဆက်သစ်လေးများ၏ အင်အားဖြင့် ကမ္ဘာ့ ပြိုင်ပွဲ၊အာရှပြိုင်ပွဲများ တွင် မြန်မာ့ ခြေစွမ်း ကို ပြန် လည်ပြ သနိုင်ခဲ့သည်။ ယခု ၂ဝ၁၅ ခုနှစ်အတွင်း မြန်မာ ဘောလုံးလောက ၏ အကြီးမားဆုံး အောင်မြင်မှုကို ပြပါဟု ဆိုလျှင် နယူးဇီလန် တွင် ကျင်းပသည့် U-20 ကမ္ဘာ့ဖလား ပြိုင်ပွဲ တွင် သန်းပိုင်၊ အောင်သူ၊ နန္ဒကျော် စသည့်လူငယ် လေးများ၏ မြန်မာ့ -၂ဝ အသင်း တက်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်းနှင့် ၂၈ ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်းဘောလုံး ပြိုင်ပွဲတွင် မြန်မာ့ -၂၃ အသင်း ငွေတံဆိပ် ရယူပေး နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ 

ထိုအောင်မြင် မှုများသည် အမြင့်ဆုံး အောင်မြင်မှုဟု မဆိုနိုင်သော်လည်း ကမ္ဘာ့ ပြိုင်ပွဲ များတွင် တခြားနိုင်ငံ အမည်နာမ ကိုသာ ဆယ်စုနှစ်များစွာ အားပေးခဲ့ ကြရသည့် မြန်မာဘောလုံး ပရိသတ် အတွက်မူ ကမ္ဘာ့ အဆင့်ကွင်းကြီး ထဲတွင် မြန်မာ အမည်နှင့် မြန်မာ နာမည်များကို ဟစ်အော် အားပေး ခွင့်ရခဲ့ခြင်းသည်ပင် အောင်မြင်မှု လှေကားတစ်ထစ်ကို နင်းတက်နိုင်ခဲ့ ပြီဟု ဆိုနိုင်သည်။ ကမ္ဘာ့ အင်အား ကြီး နိုင်ငံ များကဲ့သို့ ဘောလုံး အကယ်ဒမီများ ဘောလုံးကွင်းများ များများ စားစားမရှိ။ လေ့ကျင့်ချိန် အလုံ အလောက် မယူနိုင်သော်လည်း မြန်မာ့ စိတ်ဓာတ်ဖြင့် အကောင်းဆုံး ယှဉ်ပြိုင် ကစားခဲ့သည့် အသက်၂ဝ အရွယ် လူငယ်လေးများ၏ ကြိုးစားမှုကြောင့် ကမ္ဘာတွင်မြန်မာ ဘော လုံးကစားဟန် ကို ပြသခွင့်ရ ခဲ့သည်။

 နောက်ထပ်အောင်မြင်မှု တစ်ခုမှာ ဆီးဂိမ်းပြိုင်ပွဲ များတွင် ဘောလုံးနှင့် ပတ်သက်လျှင် ဆုတံဆိပ်နှင့် အလှမ်း ကွာနေခဲ့ခြင်းမှ ငွေဆုထိ ရယူနိုင်ခဲ့ ခြင်းဖြစ်သည်။ ၂၈ကြိမ်မြောက် ဆီး ဂိမ်း အားကစား ပြိုင်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်ကြသည့် မြန်မာလူငယ် U-23 လူငယ်လေး များထဲတွင် နိုင်ငံတကာ အတွေ့အကြုံ ရှိသူမှာ လက်ချိုး ရေ၍ ရသည်။ ထို လူငယ်လေး များ သည် လက်ရွေးစင် အသင်းကြီးတွင် လည်းမပါ။ U-20 တွင်လည်း မပါဝင် ခဲ့သည့်ကြားသင်း တစ်သင်းဖြစ် သည်။ ထိုအသင်းသည် အချိန်စောကာ ကျင်း ပ လာ သည့် ဆီးဂိမ်း ပြိုင်ပွဲအတွက် အချိန်ကပ်ကာစု စည်းလိုက်သည့် အသင်း တစ်သင်းဖြစ်သည်။

မြန်မာဘောလုံး ကစားနည်း ကျွမ်းကျင်ပြီး အထာနပ်သော ငွေ ခေတ်ကစားသမားဟောင်း ဦးကြည်လွင် နည်းပြချုပ် အဖြစ် စုစည်း ထားသည့် ထိုအသင်းသည် အချိန် တိုလေး အတွင်း စုစည်းခဲ့ရ သော်ငြား နည်းပြ ချုပ်၏ တည်ငြိမ်ရင့်ကျက်မှု ၊ဘောလုံး သဘောတရား ကျွမ်းကျင်မှု၊ ခေါင်းဆောင်ကောင်း ပီသမှု၊ ကစားသမားလေး များ၏ စိတ် အားထက်သန် တက်ကြွမှု၊ ဘောလုံး skill ပိုင်နိုင်မှုတို့ဖြင့် အံ့မခန်းစွမ်း ဆောင်ရည် ကိုပြသနိုင်ခဲ့ကာ မြန်မာ ပြည်သူ တစ်ရပ်လုံး၏ အသည်းနှလုံး ကိုဆုပ်ကိုင်နိုင်ခဲ့ သည်။

 လှေခွက် ချည်းကျန် အလံမလှဲသည့် မြန်မာ့စိတ် ထား၊ ဇွဲလုံ့ လ၊ သတ္တိ၊ အောင်ပွဲကို ဆာ လောင်မှုက တခြားပြိုင်ဘက် အင်အားကြီးအသင်း များကို ကောင်းစွာ ခြိမ်းခြောက်နိုင်ခဲ့သည်။ တခြားနိုင်ငံ အသင်း များကဲ့သို့ ဘောလုံးကွင်း ပေါင်း များစွာတွင် လေ့ကျင့်ချိန် ပေါင်းများစွာ မယူနိုင်ခဲ့သော်လည်း ခေတ်မီ ဘောလုံး အကယ်ဒမီ များစွာ နည်းပါးသော်လည်း ဘောလုံးကို ချစ် မြတ်နိုးသည့် မြန်မာလူငယ်လေး များ၏ စိတ်ထားနှင့် ဇွဲသတ္တိသည် မြန်မာပြည်သူ ပရိသတ်များ သာမ ကနိုင်ငံတကာ က ပါစောင့်ကြည့် ရ သည့်အသင်း တစ်သင်းဖြစ်လာခဲ့ သည်။

၂၈ ကြိမ်မြောက် စင်ကာပူနိုင်ငံ ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ တစ်လျှောက်လုံးတွင် ရှုံးပွဲမရှိ စံချိန် ဖြင့် ဗိုလ်လုပွဲထိ တက်လှမ်းနိုင်ခဲ့ပြီး အဘက်ဘက်မှ သာလွန် ၍ ဘောလုံး အားကစား အတတ်ပညာအဆင့် အတန်း အရည်အသွး မြင့်မားသော ပြိုင်ဘက် ထိုင်းအသင်းနှင့် ဗိုလ်လုပွဲ တွင် ထိပ်တိုက်တွေ့ဆုံ ရင်ဆိုင်ကစား ခဲ့သည်။ ဗိုလ်လုပွဲ ဖြစ်သည့် အား လျော်စွာ ရေကုန်ရေခမ်း အကြိတ် အနယ် ယှဉ်ပြိုင်မှု ပြင်းထန်စွာဖြင့် နိုင်လိုစိတ် အားကြီးစွာ မြန်မာ U23 အသင်းက အနိုင်မခံ အရှုံး မပေး လိုသည့် ဇွဲစိတ်မာန်ဟုန် ဖွင့်ကာကစားခဲ့ ကြပြီး မြန်မာပြည်သူများ အတွက်ငွေ ဆုတံဆိပ်ကိုဆွတ်ခူး ရယူနိုင်ခဲ့ကြသည်။ အုပ်စုတွင်း ပြိုင်ပွဲများတွင် ထက်မြက်သောခြေ စွမ်း စိတ်ဓာတ်များ ဖြင့် ကစားခဲ့ကြသည့် မြန်မာဘောလုံး အသင်းကို မြန်မာပြည်သူများ၏ ရင်ထဲ တွင်ရွှေဆု ကိုပေးပြီးသဖွယ် ဖြစ်ခဲ့သည်။

မြန်မာ U-23 အသင်း ပြန်လည် ရောက်ရှိလာသည့် ဇွန်လ ၁၇ရက် နေ့တွင် လည်းရွှေတံဆိပ်ကို ကြိုတင် ပေးထားသည့် မြန်မာပြည်သူများ က မိုးထဲလေထဲ တွင် သောင်းသောင်းဖြဖြ လေဆိပ်သို့ အရောက်လာကာ ကြိုဆိုခဲ့ကြသည်။ ထိုအောင် မြင်မှု များသည် မြန်မာ့ဘောလုံး စူပါ့ စူပါရွှေခေတ် သို့ ရောက် ရှိရန် အကောင်းဆုံး ခြေလှမ်းများ ဖြစ်ခဲ့ပြီး အားကစားသမားများ၊ ဘော လုံး အသင်းတာဝန်ရှိ သူများ၊ နည်းပြ များ၊ ပရိသတ်များ၏ ရင်ထဲတွင် ထပ်မံကြုံတွေ့ လာမည့် ပြိုင်ပွဲများ အတွက် အောင်မြင်မှု အငွေ့အသက်များ ဖြစ်ခဲ့သည်။ 

လက်တွေ့တွင်ပင် မြန်မာ လူငယ်ဘောလုံး ကစားသူများကြားတွင် ယခင်က ကြားနေကျ ရော်နယ်ဒို၊ ဘက်ခမ်း ၊မက်ဆီ ၊နေမာ စသည့် ကမ္ဘာ ကျော် ဘောလုံးသမား စူပါစတား အမည်များ အစားအောင်သူ၊ သန်းပိုင်၊ ကောင်းဆက်နိုင်၊ စည်သူအောင်၊ ရှိုင်း သူရ ၊ကျော်ဇင်ဖြိုး စသည့်အမည် နာမ များကို ကမ္ဘာမှာရော၊ အာရှမှာပါမ က မြန်မာပြည် တစ်ဝန်းလုံးမှာ ပိုမို ကြားသိလာရပြီ ဖြစ်ပြီး နောက်တစ်ဆင့် တွင်တော့ ရပ်ကွက်တွင်းရှိ ဘောလုံး ကစားပွဲ များတွင်လည်း ပြည်ပဘောလုံး သမားများ၏ အမည်ပါ ဂျာစီအင်္ကျီများ အစား မြန်မာ ဘောလုံးကစားသမား အင်္ကျီများကို တမက်တမော ပြန်လည် ဝတ်ဆင် ကြမည့် အနေအထား သို့ ပြန်လည် ရောက်ရှိလာတော့မည့် အရိပ်အယောင် များကိုမြင်တွေ့ လာရသည်။

မြန်မာဘောလုံး လောကအား ယခု ရရှိခဲ့သည့် အောင်မြင်မှုလှေ ကား ထစ်များမှ တစ်ဆင့် အမြင့်ဆုံး ပန်းတိုင်သို့ လှမ်းကိုင်နိုင်မည့် အရေး ကို မြန်မာပြည်သူ များမြင်ယောင်နေမိ ပါတော့သည်။

ရဲရဲ - Popular News Journal

မှတ်ချက်များ