![]() |
| ဆိုင်ကယ်သမားများ ဖျက်ဆီးခဲ့သည့် အိမ်စီးကားတစ်စီး (ဓာတ်ပုံ − Gar Garr Facebook) |
‘‘ကျွန်တော့်ကားက မက် အိတ်စ်ပါ။ နောက်မှန်အခွဲခံလိုက် ရတယ်။ ရဲစခန်းကို အကြောင်း ကြားထားပါတယ်’’ဟု ကားမှန်ခွဲ ခံရသူကိုအာကာက ပြောသည်။
ဇွန်လ ၁၉ ရက်၊ ညဥ့်နက် ချိန်တွင် ကားနှစ်စီး၏ မှန်များနှင့် ခန်းမအဆောက်အအုံတစ်ခု၏ မှန်များကို ဆိုးသွမ်းသူအချို့က ဖျက်ဆီးခဲ့ကြောင်း ပြည်မြို့ဆံ တော်ရပ်ကွက် ရာအိမ်မှူးဦးသိမ်း ဆွေကပြောသည်။
‘‘ညတုန်းက လိုက်ဖျက်ဆီး တဲ့အဖွဲ့က တစ်ဖွဲ့တည်းဖြစ်နိုင် တယ်။ ကားမှန်တွေသာမကဘူးလူနေအဆောက်အအုံမှန်တွေပါ လိုက်ခွဲနေပြီဆိုတော့ ပို အတင့်ရဲ လာတယ်လို့ပြောရမယ်’’ဟု ၎င်းကပြောသည်။
ပြည်မြို့ ကန်လမ်းတွင် ရပ်နားထားသော မက်အိတ်စ် (Mark X) အနက်ရောင် ကား တစ်စီး၏နောက်မှန်၊ ကရောင်း (CROWN) အဖြူရောင်ကား၏ ရှေ့မှန်နှင့် ကမ်းနားလမ်းရှိ ဧရာ ဦးခန်းမမှ မှန်နှစ်ချပ် ဖျက်ဆီး ခံရခြင်းဖြစ်သည်။
‘‘အုတ်ခဲကျိုးနဲ့ထုပြီး ဆိုင် ကယ်တွေမောင်းထွက်ပြေးသွား တယ်။ ည ၂ နာရီကျော်ကျော် လောက်မှာ ထွက်ကြည့်တော့ ဆိုင်ကယ်ငါးစီးလောက်ရှိမယ်’’ ဟု ဧရာဦးခန်းမမှ လုံခြုံရေးဝန်ထမ်း ဦးခင်ညွန့်ကပြောသည်။
ပြည်မြို့တွင် ယခင်ကလည်း ညအချိန် ကားမှန်များလိုက်လံခွဲ သည့်ဖြစ်ရပ်များရှိခဲ့၍ ရဲစခန်း သို့အကြောင်းကြားခဲ့သော်လည်း ယနေ့ထိ တရားခံများကို ဖမ်းဆီး ရမိခြင်းမရှိသေးကြောင်း ကားမှန်ခွဲခံရဖူးသူ ကိုမိုးကြီးက ပြော သည်။
ဇွန်လ ၁၉ ရက်တွင် ကားမှန် ခွဲခံရမှုများနှင့်ပတ်သက်၍ ပြည် မြို့ အမှတ် (၁)ရဲစခန်းသို့ လာ ရောက်အကြောင်းကြားသူ တစ်ဦးသာရှိသေးကြောင်းနှင့် တရားခံများဖမ်းမိရေး စုံစမ်းလျက်ရှိ ကြောင်း ပြည်မြို့မရဲစခန်းမှ တာ ဝန်ကျဒုရဲအုပ်တစ်ဦးက ပြော သည်။
ဇော်မင်းထိုက် - 7day daily

မှတ်ချက်များ