![]() |
| ရန်ကုန်မြို့တွင်း ခရီးသည်တင်ယဉ်လိုင်းအချို့ပြေးဆွဲနေစဉ်(ဓာတ်ပုံ - ကျော်ဇင်သန်း) |
ရန်ကုန်တိုင်းအစိုးရ၏ ဦး ဆောင်မှုဖြင့် ဖွဲ့စည်းထားသော အဆိုပါလုပ်ငန်းမှ ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတို့တွင်ကနဦးစတင်ပြေးဆွဲမည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်း အခက်အခဲကြောင့်BRT ယာဉ်လိုင်းစစ်စစ်ပြေးဆွဲပေးနိုင်ဦးမည် မဟုတ်ဟု သိရသည်။
‘‘BRT အပြည့်အ၀ဆွဲဖို့ဆို ရင် အတွင်းလမ်းနှစ်လမ်းယူရ မယ်။ မှတ်တိုင်အတက်အဆင်း နေရာတွေအတွက် သီးသန့်တည် ဆောက်ရေးလုပ်ငန်းတွေလုပ်ရ ဦးမယ်။ ဒီလုပ်ငန်းတွေကို လုပ်ဖို့ အချိန်အခက်အခဲလည်းရှိနေသေး တာကြောင့် ရှေ့ပြေးသဘောမျိုးနဲ့ ပဲ အရင်စတင်သွားရမှာပါ။ ဒါ ကြောင့် SEMI-BRT စနစ်လောက် ပဲ အရင်ဆုံးစဆွဲသွားဦးမယ်’’ဟု ဒေါက်တာမောင်အောင်က ပြော သည်။
ယာဉ်လိုင်းပြေးဆွဲရန် လမ်း ကြောင်းရွေးချယ်မှုနှင့် ယာဉ်ထား ရှိမည့်နေရာများကို စီစဉ်ထားပြီး ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ပြေးဆွဲမည့် ကုမ္ပဏီသည် ယခုအခါတွင် ကုမ္ပဏီမှတ်ပုံတင် လျှောက်ထားဆဲသာရှိသေးပြီး မှတ်ပုံတင်ကျလာပါက ရှယ်ယာ ခေါ်ယူမှုများပြုလုပ်၍ လုပ်ငန်း များ အမြန်ဆုံးစတင်နိုင်ရန် စီစဉ် ထားကြောင်း သိရသည်။ရှယ်ယာ များကို တစ်စုလျှင် ငွေကျပ်တစ် သိန်းဖြင့်ရောင်းချမည်ဟု သတင်း ထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် ပြည် တွင်း ကုမ္ပဏီကြီးငါးခုနှင့် ယာဉ် ပိုင်ရှင်အချို့က ပူးပေါင်းပါဝင်ရန် အဆိုပြုထားသည်။ ရှယ်ယာ တ ရားဝင်ခေါ်ယူပါက ယင်းပမာဏ ထက်ပိုမိုပါဝင်လာရန် မျှော်မှန်း ထားကြောင်း ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့တာဝန်ရှိသူတစ် ဦးက ဆိုသည်။
SEMI-BRT ပြေးဆွဲရန် လို အပ်သည့် ယာဉ်အမျိုးအစားတင် သွင်းရန် မကြာမီပုဂ္ဂလိကသို့ တင် ဒါခေါ်ယူရန်ရှိသည်ဟုသိရသည်။
‘‘နောက်ပိုင်းလုပ်ငန်းအောင်မြင်မှုအပေါ်ကြည့်ပြီး ထပ်တိုးလုပ်ဆောင်သွားဖို့ရှိပါတယ်။ဒီယာဉ်လိုင်းပြေးဆွဲမှုကိုတော့ ဒီနှစ်ကုန်မတိုင်မီစနိုင်မှာပါ’’ဟု ဒေါက်တာမောင်အောင်က ပြောကြား သည်။
ရန်ကုန်မြို့တွင် BRT ယာဉ် လိုင်းပြေးဆွဲရန် ပြီးခဲ့သည့်နှစ်က တည်းက ပြည်တွင်းကုမ္ပဏီတစ်ခု က စီစဉ်ခဲ့ပြီး တရားဝင်ခွင့်ပြုချက် ရရှိထားခဲ့သော်လည်း ယခုအချိန် ထိ အကောင်အထည်ဖော်ဆောင် ရွက်နိုင်သေးခြင်းမရှိပေ။
အဆိုပါ ကုမ္ပဏီက ပြေးဆွဲ မည့် ယာဉ်လိုင်းလမ်းကြောင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ခ ရီးသည်တင်ယာဉ်ပြေးဆွဲမှုနည်း သည့် ဝေဇယန္တာ လမ်းမတွင် စမ်း သပ်ပြေးဆွဲခွင့်ပေးထားခဲ့ခြင်းဖြစ် သည်။
ယခုပြေးဆွဲမည့် ယာဉ်လိုင်းမှာ ရန်ကုန်မြို့၏ အဓိကျကသည့် လမ်းပိုင်းနှစ်ခုကို ရွေးချယ်ထားခြင်းဖြစ်ပြီး ခရီးသည်များ ၀န်ဆောင်မှုကောင်းကောင်းနှင့် အဆင့်မီ စီးနင်းနိုင်စေရန် ရည်ရွယ်ပြေးဆွဲရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောသည်။
မိုးမင်း - 7day daily

မှတ်ချက်များ