အသက်(၇၀)ကျော်အဘွားအိုအား အဓမ္မပြုကျင့်ရန်ကြံစည်သော တပ်မတော်သားကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခုနစ်နှစ်ချမှတ်


အသက်(၇၃)နှစ်အ ရွယ် အဘွားအိုအား အဓမ္မပြုကျင့် သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည့် တပ်မတော်သား ဇော်မျိုးအေးကို စစ်ဘက်ဆိုင်ရာ ဥပဒေအရ အ လုပ်ကြမ်းနှင့် ထောင်ဒဏ် ခုနစ်နှစ်ကျခံရန် တပ်မတော်စစ်ခုံရုံးက အမိန့်ချလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ တပ်သားကို တပ်မတော်မှလည်း ထုတ်ပယ်လိုက် ကြောင်း သိရသည်။

တပ်သား ဇော်မျိုးအေးကို စစ်ဥပဒေ ၄၅၇၊ ၆၅၊ ၄၇/၁ တို့ အရ စည်းကမ်းဖောက်ဖျက်မှု၊ မူး ယစ်မှုနှင့် ပိုင်နက်ကျူးလွန်မှုတို့ ဖြင့် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ ချုပ် ဗန်းမော်ဇုန်နယ် အတွင်းရေး မှူး ဦးတူးဂျာက ပြောသည်။

‘‘မနေ့ကပဲ ရဲစခန်းက လာ ပြောတယ်။ မုဒိမ်းမှုမြောက်ရန် ကြိုးစားအားထုတ်မှုနဲ့ဆိုင်တဲ့ ပုဒ် မတော့ မပါဘူး။ တပ်ဥပဒေမှာ ကြံစည်မှုတို့၊ ကြိုးစားအားထုတ်မှု တို့နဲ့ဆိုင်တဲ့ ဥပဒေမရှိဘူးလို့ ပြော တယ်။ အဲဒီ မုဒိမ်းမှုပုဒ်မကိုတော့ ရဲစခန်းကနေ ပြန်စွဲမယ်လို့ ပြော တယ်’’ဟု ဦးတူးဂျာက ပြောသည်။၂၀၁၅ ဧပြီ ၁၃ ရက် ည ၇ နာရီခန့်တွင် ဒုဗိုလ်မှူးကြီး လွင်မောင်စိုးလက်အောက်ခံ ခမရ(၄၃၈)မှ တပ်သား ဇော်မျိုးအေး သည် ဗန်းမော်ခရိုင် မိုးမောက်မြို့ နယ် နွမ်လန်ကျေးရွာ၌ နေထိုင် သည့် အသက်(၇၃)နှစ်အရွယ် အဘွားအိုအား အဓမ္မပြုကျင့်ရန် ကြိုးစားနေစဉ် ကျေးရွာဒေသခံ များမှ တွေ့ရှိ၍ ဝိုင်းဝန်းဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တပ်မတော်သား အမှုကို ပွင့်လင်းမြင်သာမှုရှိရှိ ဖြင့် တရားမျှတစွာ စီရင်ရန် ပြီးခဲ့ သည့် လဆန်းက ဗန်းမော်ဒေသခံ ခြောက်ရာခန့်က စီတန်းလှည့် လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မရန် - 7day daily

မှတ်ချက်များ