ဒီတစ်ပတ် ဖလားဝါးနယူးစ်ဂျာနယ်ရဲ့ ပညာရှင်ကဏ္ဍမှာ ယူ နက်စကိုက ဇွန် ၉ ရက်မှာ အင်းလေးကန်ကြီးကို လူသားနှင့်ဇီဝအဝန်း နယ်မြေအဖြစ် သတ်မှတ်လိုက်တဲ့အပေါ် သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးစည်သူလွင် က သုံးသပ်ပြောကြားထားရာ .....
သို့ပင် ကမ္ဘာ့အသိအမှတ်ပြုစေကာမူ အား လုံး ပူးပေါင်းထိန်းသိမ်းမှုမပြုလုပ်ရင် အောင်မြင်မှု မရှိနိုင်ဘူး ဟု ဦးစည်သူလွင်က ပြောထားပါ တယ်။
''အင်းလေးကန်ကြီးကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းလိုက်တော့ ကောင်းပါတယ်။ သို့သော် ငွေကြေးတွေ၊ ထောက်ပံ့မှုတွေချည်း မျှော်နေလို့မရ ဘူး။ ၂ဝ၁၂ ခုနှစ်ကနေ ၂ဝ၁၄ခုနှစ်အထိ နှစ်နှစ်နဲ့ ခြောက်လလုံးလုံး ပရောဂျက်တွေ လုပ်ခဲ့ဖူးတယ်။ ဒေါ်လာနှစ်သန်းနဲ့ခြောက်သိန်း ပရောဂျက်တွေ ထပ် ဝင်လာပေမယ့်လဲ ပရောဂျက်တွေက မအောင်မြင်ခဲ့ ဘူး။ ပူးပေါင်းဆောင်ရွက်မှု အားနည်းလို့ပေါ့။
အခုဆို ကမ္ဘာ့အသိအမှတ် ပြုလိုက်ပြီဆို ရင် ပရောဂျက်တွေရလာတဲ့အခါ ဘယ်က စလုပ် မလဲ အရင် စဉ်းစားဖို့လိုတယ်။ အင်းလေးထိန်းသိမ်း ရေးကော်မတီကရော ဘာလုပ်မှာလဲ။ နိုင်ငံတကာက ရလာမယ့် ထောက်ပံ့မှုတွေလဲရှိမယ်ဆိုရင် ဘယ်ဟာ ကို စဖြေရှင်းကြမလဲ၊ ပေါ့ပေါ့ဆဆနေလို့ မရတော့ ဘူး။ ထောက်ပံ့မှုတွေရမှပဲ ပရောဂျက်တွေကိုလုပ်မှာ လား ဆိုတာလဲ စဉ်းစားဖို့လိုတယ်။
ဖောင်တော်ဦးဘုရားကိုမှီပြီး တစ်နှစ်တစ် နှစ် ဝင်နေတဲ့ပိုက်ဆံက နည်းမှမနည်းတာ။ ဒါကို ပြည် နယ်အစိုးရကို တစ်ဝက်ခွဲပေးတယ်ပေါ့။ ဒါကိုအပြစ် မပြောလိုပါဘူး။ ဒါပေမဲ့ ပြည်နယ်အစိုးရအတွက် သုံးပုံတစ်ပုံယူ၊ ဘုရားအတွက် သုံးပုံတစ်ပုံထား၊ ကျန် တဲ့ သုံးပုံတစ်ပုံကို အင်းလေးကန်အတွက် အသုံးပြု လုပ်သင့်တယ်။ အင်းလေးကန်မရှိရင် ဘုရားစည်ကား မှု ဆိုတာလဲ မဖြစ်နိုင်ဘူး။ ဒါက နိုင်ငံတော်အစိုးရ အနေနဲ့ လုပ်မှဖြစ်မယ့်ကိစ္စတွေလေ။
ပရောဂျက်လုပ်နေကြတဲ့ NGO တွေက ဒေသခံတွေကို သင်တန်းပေးရမယ်။ အခုဟာက ပစ္စည်းကို အရင်ပေးကြတယ်။
ဒီတော့ လူတွေက ပရောဂျက်ဆိုရင် ဘာ ရမှာလဲ အရင်မေးကြတယ်။ အမှန်မှာက အင်းလေး ကန်ထိန်းသိမ်းမယ်ဆိုရင် ကန်တင်ထိန်းနေလို့ မရ ဘူး။ ပတ်ဝန်းကျင်မှာရှိတဲ့ ရေဝင်ရေလဲဒေသတွေမှာ သစ်ပင်တွေ ပြန်ပေါက်လာအောင်လုပ်ဖို့က အဓိက ပဲ။
ပြီးတော့ အင်းနဲ့ တိုက်ရိုက်ဆက်စပ်နေ တာက ဟိုတယ်တွေပေါ့။ ဟိုတယ်တွေကထွက်လာ တဲ့ အ ညစ်အကြေးတွေကို ဘယ်လိုစီစဉ်မလဲဆိုတာ ပြည်နယ် အစိုးရရဲ့တာဝန်ပဲ။ အင်းလေးနေထိုင်သူ ရဲ့ မစင်နဲ့အမှိုက် စွန့်ပစ်တဲ့စနစ် ဘယ်လိုလုပ်ပေး မလဲပေါ့။
အခုထိတော့ ဘယ်လိုမှ လုပ်မပေးသေး ဘူး။ အင်းလေးကန်ထဲကို စီးဝင်နေတဲ့ချောင်းတွေ ပေါ်မှာ စက်ရုံတွေရှိတယ်။ ဒါတွေကို ဘယ်လိုရှင်း မလဲပေါ့ ဒါတွေစဉ်းစားဖို့လိုတယ်''။
Yangon Media Group

မှတ်ချက်များ