တာမွေ မလွှကုန်းတွင် သေဆုံးနေသည့် အမျိုးသမီးနှစ်ဦးအမှုနှင့် ပတ်သက်ပြီး သံသယရှိသူတချို့ကိုစတင် စစ်ဆေး
တာမွေ မလွှကုန်း လမ်းတွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီး နှစ်ဦး သေဆုံးမှုနှင့်ပတ်သက်ပြီး သံ သယရှိသူတချို့ကို စတင်ခေါ်ယူ စစ် ဆေးနေပြီဖြစ်ကြောင်း သိရသည်။
ယင်းသေဆုံးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက သေ ဆုံးသူနှစ်ဦးနှင့် ပတ်သက်ပြီး စစ်ဆေး ရန်အတွက် ၁ဝ ဦး ထက်မနည်းသည့် သူများကို ခေါ်ယူစစ်ဆေးနေပြီဖြစ် ကြောင်း တာမွေမြို့မရဲစခန်းမှ သိရ သည်။
ယင်းနှင့်ပတ်သက်ပြီး တာမွေမြို့ မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက'' ဒီ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးတဲ့ လူ အရေအတွက်ကတော့ များတယ်။ ဆယ်ဦးထက်မနည်းရှိပြီ။ တရားခံကို တော့ ဖော်ထုတ်နေတုန်းပါပဲ''ဟု ပြောသည်။
ဖြစ်စဉ်မှာ ဇွန် ၉ ရက် မွန်းလွဲ ၁ နာရီခန့်က မလွှကုန်းလမ်း အိမ် အမှတ်(--) နေအိမ်တွင် အပုပ်နံ့ရ ကြောင်း ပြည်သူတချို့၏ သတင်းပေး ချက်အရ သက်ဆိုင်ရာတာဝန်ရှိသူ များက နေအိမ်သို့ ဝင်ရောက်ရှာဖွေ ရာ နေအိမ်တွင်း အမျိုးသမီးနှစ်ဦး ပုပ် ပွသေဆုံးနေကြောင်း သိရသည်။ သေ ဆုံးသူ အမျိုးသမီးကြီးနှစ်ဦးမှာ ဒေါ် ---- ၇ဝ နှစ်နှင့် ဒေါ်---- ၆၂ နှစ်တို့ ဖြစ်ပြီး နေအိမ်တွင် ထိခိုက်ဒဏ်ရာ အချို့ဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း တာမွေမြို့မရဲစခန်းမှ မြို့နယ်မှူး ရဲမှူး ခင်မောင်မြက ပြောသည်။
''ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး စီ အိုင်ဒီကလဲ ပူးတွဲစစ်နေပါတယ်။ သေ ဆုံးသူနှစ်ယောက်က အဒေါ်နဲ့ တူမ တော်စပ်တယ်။ ဒီအိမ်မှာနေတာ ၂၅ နှစ်လောက်ရှိပြီလို့ သိရပါတယ်'' ဟု ရဲမှူးခင်မောင်မြက ပြောသည်။
ယင်းနှင့်ပတ်သက်၍ တာမွေ မလွှကုန်းလမ်းနေ ပြည်သူတစ်ဦးက ''လမ်းထဲကလူတွေတော့ တစ်ယောက် ပြီးတစ်ယောက် အစစ်ခံနေရတာ တွေ့ တယ်။ ပြည်သူတော်တော်များများလဲ ဒီအမှုနဲ့ပတ်သက်ပြီး စိတ်ဝင်တစား ဖြစ်နေကြပါတယ်'' ဟု ပြောသည်။
တာမွေရဲစခန်းက (ပ)၈ဝ၉/၁၅ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ကာ ဆောင်ရွက်နေကြောင်း သိရသည်။
KMZ - ဒီမိုကရေစီတူဒေး

မှတ်ချက်များ