အမျိုးသမီးငယ် တစ်ဦးဟာ အခမ်းအနား တစ်ခုကို တက်ရောက်ဖို့ ခန်းမ အတွင်းကို ဖြတ်လျှောက်ရာမှာ အောက်ခြေမှာ ခင်းထားတဲ့ ကြမ်းခင်းဟာ သူဝတ်ထားတဲ့ အ၀တ်အစား အင်္ကျီနဲ့ တူညီ နေခြင်း ဖြစ်ပါတယ်။ ကြမ်းခင်း အရောင်ဟာ အင်္ကျီ အရောင်နဲ့ တူညီ နေတာမို့ အဲဒီ အမျိုးသမီးဟာ အရမ်းကို ထိတ်လန့် သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အမျိုးသမီးဟာ အ၀တ်အစားကို ပြန်လဲဖို့ စဉ်းစားခြင်း မရှိဘဲ ထူးခြားတဲ့ အပြုအမူ တစ်ခု ပြုလုပ် လိုက်ပါတယ်။ အဲဒါ ကတော့ ကြမ်းခင်း အရောင်နဲ့ အင်္ကျီ အရောင် ထင်ဟပ်မ ရှိသွားအောင် ကြမ်းခင်းပေါ်ကို လဲလျောင်း လိုက်ခြင်း ဖြစ်ပါတယ်။ ဒီနောက် ဓာတ်ပုံ ရိုက်ခံမှု ပြုလုပ် ခဲ့ပါတယ်။
ဒါကို လှုမှုကွန်ရက်ပေါ် တင်ခဲ့ရာမှာ (၁၂)နာရီ အတွင်း Likes အရေအတွက် တစ်သန်းကျော် အထိ ရသွား ခဲ့ပါတယ်။ အမျိုးသမီးရဲ့ အမည်ကိုတော့ ဖော်ပြထားခြင်း မရှိပေမယ့် အင်တာနက်မှာ မှတ်ချက် စကားတွေ အမျိုးမျိုး ပြောခဲ့ ကြပါတယ်။
messenger

မှတ်ချက်များ