![]() |
| ဓာတ်ပုံ - ရဲမင်း (RTF) |
ကရင်တိုင်းရင်းသူ အရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်သူများက တရားခံများကို အမြန်ဆုံး ဖော်ထုတ် အရေးယူပေးရန်၊ အဓမ္မ ပြုကျင့်ခံရသည့် ကရင် တိုင်းရင်းသူကို ကူညီထောက်ပံ့မှုများ ပေးရန်၊ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအပေါ် ဖိနှိပ်စော်ကား ခံရမှုများကို ထိုင်းအစိုးရမှ လူသားချင်း စာနာထောက်ထားသည့်အနေဖြင့် ကူညီဖြေရှင်း ပေးရန် စသည့်အချက်များကို တောင်းဆို ခဲ့ကြသည်။
မူလက ရန်ကုန်မြို့ ရှိ ထိုင်းသံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ရန် စီစဉ်ထားသော်လည်း သက် ဆိုင်ရာများမှ ခွင့်ပြုချက် မရသဖြင့် ဗိုလ်စိန်မှန်ကွင်း၌သာ ပြုလုပ်ရခြင်း ဖြစ်သည်ဟု မြန်မာ အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ (RTF) မှ ကိုရဲမင်းက ဧရာဝတီသို့ ပြောသည်။
ယခုလ အစောပိုင်း ဇွန် ၃ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချိုင်တွင် ထိုင်းယူနီ ယံ စက်ရုံမှ ညဆိုင်း အလုပ်ဆင်းပြီး အပြန်တွင် မြန်မာအလုပ်သမ ကရင်တိုင်းရင်သူကို ထိုင်းလူငယ် ၆ ဦးမှ မတရား ဖမ်းဆီးခေါ်ဆောင်၍ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့ သည့် ရက်ပိုင်းအတွင်းက ပြစ်မှုကျူးလွန်သူ တရားခံ ၆ ဦးမှ ၂ ဦးကို ထိုင်းအာဏာပိုင်း များက ဖမ်းဆီးနိုင်ပြီး ကျန် ၄ ဦးမှာ လွတ်မြောက်နေဆဲဟု သိရသည်။
ငြိမ်းဇော် - ဧရာဝတီ

မှတ်ချက်များ