အောက်တိုဘာလမှာ လက်ထပ်တော့မယ့် မင်းသမီး လီဆိုယွန်




တောင်ကိုရီးယား မင်းသမီး လီဆိုယွန်သည် အိုင်တီ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးနှင့် အောက်တိုဘာလတွင် လက်ထပ်တော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

လီသည် ယခုနှစ်အစောပိုင်းက ၎င်း၏ သတိုးသားလောင်း ဖြစ်သူနှင့် တွေ့ဆုံခဲ့ပြီး ယခုအခါ လက်ထပ်ပွဲအတွက် ပြင်ဆင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လီနှင့် ၎င်း၏ စေ့စပ်ထားသူတို့က ၎င်းတို့နှစ်ဦးသည် သက်ဆိုင်ရာ တက္ကသိုလ်နယ်မြေများတွင် ချိန်းတွေ့ခဲ့ကြကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

လီ၏ သတိုးသားလောင်းသည် လက်ရှိအချိန်တွင် ဆိုးလ်မြို့ရှိ တက္ကသိုလ်တွင် MBA ကို တက်ရောက် သင်ကြားနေပြီး လီသည် ဟန်ယောင်တက္ကသိုလ်တွင် ပြဇာတ်အကြောင်းကို သင်ယူလေ့လာနေသည်။

လီနှင့် ၎င်း၏ သတိုးသားလောင်းကို ညီမဖြစ်သူက မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ကြောင်း သတိုးသားလောင်းသည် လီထက် အသက် နှစ်နှစ်ငယ်သည်။ လီသည် ၂၀၁၃ ခုနှစ်က Untold Scandal ဇာတ်ကားဖြင့် ပရိတ်သတ်များ၏ အားပေးမှုကို ရရှိခဲ့သည်။

mizzima

မှတ်ချက်များ