ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အကောင်းဆုံးကစားသမားစာရင်းတွင် မြန်မာလေးဦးပါဝင်
စင်ကာပူသတင်း အေဂျင်စီ တစ်ခုဖြစ်သော ဃ့ညေညနူ နြတ ဗျငေ မှရွေးချယ်သည့် ၂ဝ၁၅ဆီးဂိမ်းပြိုင်ပွဲ ၏ အကောင်းဆုံးကစားသမားစာရင်း တွင် မြန်မာယူ-၂၃ အသင်းမှလေးဦး ပါဝင်လျက်ရှိသည်။
အကောင်းဆုံး ကစားသမားစာ ရင်းတွင် ၃-၅-၂ကစားကွက်ဖြင့် ရွေး ချယ်ခဲ့ပြီး မြန်မာအသင်းမှဂိုးသမား ကျော်ဇင်ဖြိုး၊ အသင်းခေါင်းဆောင် နေလင်းထွန်း၊ စည်သူအောင်နှင့် နောက် ခံလူ ဟိန်းသီဟဇော်တို့ ရွေးချယ်ခံခဲ့ ရပြီး ဟိန်းသီဟဇော်မှာ အရန်ကစားသ မားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
အကောင်းဆုံးကစားသမား ၁၈ ဦးစာရင်းတွင် ထိုင်းမှ ကစားသမားငါးဦး ဖြင့် အများဆုံးပါဝင်ခဲ့ပြီး မြန်မာနှင့် ဗီယက်နမ်တို့မှ လေးဦးစီ၊ အင်ဒိုနီးရှား မှ နှစ်ဦး၊ မလေးရှား၊ ကမ္ဘောဒီးယား နှင့် စင်ကာပူအသင်းတို့မှ ကစားသမား တစ်ဦးစီရွေးချယ်ခံခဲ့ရသည်။
အကောင်းဆုံးနည်းပြကိုလည်း ရွေးချယ်ခဲ့ရာတွင် ထိုင်းနည်းပြ ဃ့သ-ုနအတေနန ဏမသာမကအ အား ရွေးချယ်ခဲ့ သည်။
ရွေးချယ်ခံခဲ့ရသည့် ပွဲထွက်ကစား သမား ၁၁ဦး၏ တစ်ဦးချင်းခြေစွမ်းကို လည်း သုံးသပ်မှုများပြုလုပ်ခဲ့သည်။ မြန်မာဂိုးသမားကျော်ဇင်ဖြိုးအား ရွေး ချယ်ရခြင်းမှာ အုပ်စုအဆင့်တွင်လေး ဂိုးသာပေးခဲ့ရခြင်း၊ ဗိုလ်လုပွဲတွင် ထိုင်း အသင်း၏ ကန်သွင်းချက်အများအပြား အား ကာကွယ်နိုင်ခြင်းကြောင့်ဖြစ်ပြီး အသင်းနှင့်အတူ ရွှေတံဆိပ်မရရှိသော် လည်း ပြိုင်ပွဲ၏ အကောင်းဆုံးဂိုးသမား ဟု ချီးကျူးဖော်ပြခဲ့သည်။
နေလင်းထွန်းမှာ မြန်မာအသင်း ၏ အဓိကကစားသမားဖြစ်ပြီး ကွင်း လယ်၌ ဘောလုံးဖြန့်ဝေခြင်းနှင့် တိုက် စစ် လိုက်ပါပံ့ပိုးရာတွင်လည်း အကောင်း ဆုံးကစားနိုင်ခဲ့ကြောင်း၊ မြန်မာအသင်း ဗိုလ်လုပွဲသို့ တက်ရာလမ်းကြောင်း တွင် သွင်းဂိုးသုံးဂိုးသွင်းယူကာ အသင်း အား ဦးဆောင်နိုင်သည့် ကစားသမား ဖြစ်ခဲ့ကြောင်းလည်း ရေးသားထား သည်။
စည်သူအောင်အား သုံးသပ်ရာ တွင် ¤င်းမှာ မြန်မာအသင်းဗိုလ်လုပွဲ သို့ ချီတက်ရာ၌ အကောင်းဆုံး စွမ်း ဆောင်ခဲ့ပြီး လျင်မြန်မှုနှင့် အလိမ်အ ခေါက်ကောင်းမွန်ကာ ဘောလုံးနှင့် မကြောက်မရွံ့ တစ်ပါတည်းပြေးနိုင် ကြောင်း၊ အသက် ၁၈နှစ်ရှိ ရတနာပုံ ကြယ်ပွင့်ကစားသမားသည် ကွင်းလယ် တောင်ပံမှာ ¤င်းကစားနေကျနေရာ မဟုတ်သော်လည်း သွင်းဂိုးငါးဂိုးသွင်း ယူနိုင်ခဲ့ကြောင်း၊ အနာဂတ်မြန်မာ့လက် ရွေးစင် အဆင့်ဆင့်တွင် ပါဝင်ကစားရန် သံသယဖြစ်ဖွယ်မရှိသည့်သူ ဖြစ်ကြောင်း ချီးကျူးရေးသားခဲ့သည်။
မြန်မာယူ-၂၃အသင်းမှာ ဇွန် ၁၇ ရက် ညနေ ၃ နာရီခွဲတွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိခဲ့သည်။ မြန်မာ အသင်းမှာ ဆီးဂိမ်းဗိုလ်လုပွဲတွင် ထိုင်း အသင်းအား ရှုံးနိမ့်ကာ ဒုတိယငွေတံ ဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသော်လည်း ကစားသမားများ ခြေစွမ်းနှင့် မြန်မာ ပရိသတ်များအားပေးပုံကို နိုင်ငံတကာ မီဒီယာများနှင့် စင်ကာပူဆီးဂိမ်းဖေ့စ် ဘွတ်ခ်စာမျက်နှာများတွင် ချီးကျူးရေး သားခဲ့ကြသည်။
မြန်မာအသင်းမှာ ယခုနှစ်ပြိုင်ပွဲ တွင်လည်း ဒုတိယငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသဖြင့် ၁၉၇၃ နောက်ပိုင်း ဆီးဂိမ်းရွှေတံဆိပ်နှင့် ဝေးကွာနေသည် မှာ နှစ်ပေါင်း ၄ဝ ကျော်ကြာမြင့်လျက် ရှိသည်။
ဝဏ္ဏကို - Yangon Media Group.




မှတ်ချက်များ