လေယာဉ်ပေါ်ကျွေးသည့် ဟင်းလျာတွင် အိမ်မြှောင်ပါသည်ဟူသော စွပ်စွဲချက်ကို ငြင်းဆို
အိန္ဒိယနိုင်ငံပိုင် အဲအိန္ဒိယ လေကြောင်းလိုင်းသည် ၎င်းတို့ လေယာဉ်ပေါ်တွင် တည်ခင်းကျွေးမွေးသော ဟင်းလျာတစ်ခုတွင် အိမ်မြှောင် ရောပါနေကြောင်း စွပ်စွဲချက် ထွက်ပေါ်မှုကို ငြင်းဆိုလိုက်ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေး နေကြောင်း ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ကြာသပတေးနေ့တွင် အဲအိန္ဒိယ လေယာဉ်တစ်စီးပေါ်၌ ကျွေးမွေးသော ဟင်းလျာတစ်ခုတွင် အိမ်မြှောင်ပါဝင်နေကြောင်း ဓာတ်ပုံနှင့်တကွ ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့ခဲ့သည်။ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံတစ်ခု ထဲတွင် ဒေလီ-လန်ဒန် ခရီးစဉ်၌ အစားအသောက်များ တင်သည့် လက်တွန်းလှည်းပေါ်မှ ပေါင်မုန့် တစ်လုံးအောက်၌ အိမ်မြှောင်တစ်ကောင်ပုံကို တွေ့ရ၍ဖြစ်သည်။
““ဒီလို စွပ်စွဲမှုမျိုးကို ငြင်းဆန်ပါတယ်။ ပထမအချက်က ဒီဓာတ်ပုံရဲ့ စစ်မှန်မှုကို မသိရလို့ဖြစ်ပြီး ဒုတိယ အချက်ကတော့ မည်သည့် ခရီးသည်ကမှ အဲဒီလိုတိုင်ကြားမှုမျိုး မလုပ်သေးလို့ ဖြစ်ပါတယ်””ဟု အမည် မဖော်လိုသည့် ထိုလေကြောင်းလိုင်း မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ အဲအိန္ဒိယ လေကြောင်းလိုင်းသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း နည်းပညာပိုင်းချို့ယွင်းမှု၊ ၀န်ထမ်းများ ယာဉ်ပေါ်အရောက် နောက်ကျမှုစသော စီးနင်းသူများအတွက် စိတ်ပျက်စရာ ဖြစ်ရပ်အချို့ ကြုံခဲ့ရဖူးသည်။ ပြီးခဲ့သည့် ဧပြီလတွင်လည်း ထိုလေကြောင်း လိုင်းမှ လေယာဉ်မှူးနှစ်ဦးမှာ လေယာဉ် လေထဲသို့ ပျံမတက်မီ ရန်ဖြစ်ခဲ့ကြ၍ သတင်းစာများက ခေါင်းကြီးသတင်း အဖြစ် ဖော်ပြခဲ့ဖူးသည်။
messenger


မှတ်ချက်များ