ထိုင်းအသင်းဆီက ပြန်ရတဲ့အသိတစ်ခု


မနေ့ညက ပွဲမှာ ကိုယ့်နိုင်ငံ အသင်းနိုင်စေချင်တာရယ်.နှစ်အတော်ကြာတိမ်မြုပ်နေတဲ့ ဗိုလ်လုပွဲ..ဆိုတာရယ်..ကြောင့်..နိုင်စေချင်တဲ့စိတ် နဲ့စိတ်ဓါတ်တွေ တတ်ကြွလာအောင်
ရေးကြ-ပြောကြ.အော်ဟစ်အားပေးခဲ့ကြသလို..တစ်ဖက် အသင်းကို လည်း ရှုံးစေချင်ခဲ့ကြပေမယ့်.....။
တစ်ဖက်က သူတို့အသင်းအနေနဲ့ကတော့...သူတို့ကျွမ်းကျင်တဲ့ အရာတစ်ခုကိုအားကစားစိတ်ဓါတ် အပြည့်နဲ့အင်တိုက် အားတိုက်..ကစားသွားကြသလို...
သူတို့ အာကစား သမားတွေကကွင်းထဲကကျနော်တို့ ပရိတ်သတ် ကိုလည်းလိုက်လံ နှုတ်ဆက် ခဲ့ကြတယ်...

နောက်..သူတို့ ကစားသမားတွေကလည်းဂိုး သွင်းကြချိန် မှာ လိုတာထက် ပိုပြီးအောင်ပွဲ မခံခဲ့ကြသလို....
အသင်း နည်းပြ ကိုယ်တိုင်လည်း..အောင်ပွဲခံ တာ သိပ်မတွေ့လိုက်ရဘူး....။

အသိသာ ဆုံး..အချက်တစ်ချက်ကတော့..သူတို့အသင်းကို အားပေးတဲ့ သူတို့ပရိတ်သတ်..ကလည်း အရမ်းကြီး အော်ဟစ်အားပေးတာမျိုးအောင်ပွဲ ခံတာမျိုး မလုပ်သွားကြဘဲ...

အားပေးတဲ့ ပရိတ်သတ် တွေထဲကနေ..ကျနော်တို့နိုင်ငံ အလံ ကိုတောင် ကိုင်မြောက်ပြီးသူတို့ အလံ နဲ့ ယှဉ်တွဲ လို့..Friend ဆိုတဲ့ စာတမ်းထောင်ပြီး...အားပေးသွားခဲ့ကြတယ်..ဆိုတာပါ....။

သူတို့ အသင်း နဲ့ သူတို့ နိုင်ငံကိုယ်တိုင်က ကျနော်တို့အသင်ူး.ကျနော်တို့နိုင်ငံနဲ့ ဗိုလ်လုပွဲ ကစားခဲ့ကြတာကိုတောင်..သူတို့ ဂုဏ်ယူပျော်ရွင်နေတဲ့..အရိပ်လက္ခဏာ တွေ..တွေ့နေရလို့ပါ.ဘဲ။

နောက် အားကစားစိတ်ဓါတ် ပိုင်းဆိုင်ရာ နဲ့အားကစားပညာ လောက မှာ..Professional အားကစားသမားဆိုတာ...Fair play ဆိုတဲ့ မျှမျှတတ ..ကစားရမယ်..မျှမျှတတ..အားပေးရမယ်..မျှမျှတတ..အောင်ပွဲခံပြီူး..ယှဉ်ပြိုင်ဖက်ကို
လေးစား တန်ဖိုးထားရမယ်..“ဆိုတာတွေကိုကျနော်တို့..သူတို့ဆီက..ပြန်သင်ယူကြရမယ်...

နောက် လာမယ့်နှစ်တွေ-နှစ်တွေ မှာကျနော်တို့နိုင်ငံ အသင်းက အတော်ဆုံးအကောင်းဆုံး နဲ့..ရွှေတံဆိပ်တွေဘဲ ရနေ..ဗိုလ် စွဲနေရင်လည်း....ကျနော်တို့ ပြည်သူတွေရော...အားကစား သမားတွေ ရော...သူတို့လို..စိတ်ဓါတ်မျိုး...
သူတို့ လို စိတ်ထားမျိုး....ကျနော် တို့မွေးမြူသွားရမယ်..မွေးမြူ.လုပ်ဆောင်သွားကြဘို့...ကျနော်တို့ မှတ်သားထားရမယ်...........ဆိုတဲ့ အသိတစ်ခု...............ကို သူတို့....ဆီက.....ရရှိ....လိုက်ပါကြောင်း......။

Thanphyo Naing

မှတ်ချက်များ