ထိုင်းအသင်းနိုင်ရတဲ့ အကြောင်းက...သူတို့မှာ သေချာတဲ့ နည်းစနစ်တွေရှိတယ်







မြန်မာအသင်းရုံးလဲ အပြစ်မသင်ပါဘူး ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ department
of sport science ဆိုတာရှိတယ်။ ဘယ်နည်းလမ်း ဘယ်ဗျူဟာနဲ့ ကစားရင် နိုင်မယ်။
ဘယ်နိုင်ငံ ဘယ်အသင်းက ဘယ်လို ပုံစံ ဗျူဟာနဲ့ ကစားလေ့ရှိတယ် တဖက်အသင်း
ဘယ်လိုပုံစံဆိုရင် ဘယ်လိုဗျူဟာနဲ့ ပြန်ထိုးဖောက်မှ ရမယ် ဆိုတာတွေကို မဟာတန်း
စာတမ်းပြုစုဘွဲ့ပေးတယ်။

ဒါ့အပြင် ဘယ်လို လေ့ကျင့်ခန်းနဲ့ ဓာတ်စာကို မှီဝဲရင် ဘယ်နေရာက ကြွက်သားနဲ့အကြောတွေ
သန်စွမ်းတယ် ဒါဆိုရင် ဘယ်လို အားကစားနည်းမှာ ဘယ်လို အားသာတယ်ဆိုတာတွေ ကိုလဲ
မဟာတန်း အဆင့် စာတမ်းပြုစု မဟာဘွဲ့ ပေးနေပါတယ်။

ဒီလို နည်းအမျိုးမျိုးနဲ့ လေ့ကျင့်ထားတဲ့ အသင်းတွေ အသင်းသားတွေကို ဘယ်လို စနစ်ကျနစွာ
သုတေသန လုပ် ပြင်ဆင်တယ်ဆိုတာ မရှိတဲ့ မြန်မာအသင်းက ယှဉ်ပြိုင် နေရတယ်။
ဒီတော့ မြန်မာအသင်း ရှုံးလဲ အပြစ်မတင်ပါဘူး။ နိုင်ခဲ့ရင်တော့ အလွန်အကျူးကို ချီးကျူးဂုဏ်ယူမိမှာပါ။

သက်ဆိုင်ရာ တာဝန်ရှိသူများလဲ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းချင်ရင် နိုင်ငံတကာ
စံချိန်စံညွန်းနဲ့ အညီ အခြေခံကနေစပြီး လူငယ်တွေကို ကျန်းမာသန်စွမ်းတဲ့
ကိုယ်ခန္ဓာတွေပိုင်ဆိုင်အောင် ဘောလုံး နဲ့ တခြားအားကစားတွေကိုလည်း
စနစ်တကျေ အားပေးဖို့လိုပါတယ်။ ရပ်ကွက်ဘောလုံးကွင်းမြေနေရာတွေ
သိမ်းစည်းခြင်း။ ကြက်သားနဲ့ ပဲကုလားဟင်းကိုစားပြီး သန်း(၅၀) ကျော်သော
ပရိတ်သတ်အတွက် ရှင်ပြိုင်နေရခြင်း။ လက်ရွေးစင် ဘောလုံးသမားက
စားဝတ်နေရေးအတွက် ပန်းရံလုပ်ပြီးမှ ဘောလုံးလေ့ကျင့်ကွင်းကိုလာရခြင်း။
ဒါတွေကလုံးဝ မဖြစ်သင့်ပါဘူး။

Visud Dha facebook

မှတ်ချက်များ