နာမည်ကြီး အဆိုတော် ၅ ယောက် ပါဝင်သရုပ်ဆောင်ပေးမယ့် Madonna ရဲ့ သီချင်းဗီဒီယို အသစ်


ပေါ့ပ် ဘုရင်မ Madonna ဟာ ယနေ့ခေတ် နောက်ဆုံးပေါ် အဆိုတော်မလေးတွေကို သူမနဲ့ Nicki Minaj နဲ့ သီဆိုထားတဲ့ "Bitch I'm Madonna" ဆိုတဲ့ သီချင်း ဗီဒီယို မှာ ၀င် သရုပ်ဆောင်စေထားပါတယ်။

အသက် ၅၆ နှစ်ရှိနေပြီဖြစ်တဲ့ Madonna ဟာ Miley Cyrus ၊ Katy Perry ၊ Rita Ora နဲ့ Beyonce တို့ကို သူမရဲ့ ဗီဒီယို မှာ ပါဝင်ဖို့ စည်းရုံးထားပါတယ်။

ဒီလို စည်းရုံးမှု မျိုးဟာ လွန်ခဲ့တဲ့ ၁ လ ခန့်က Taylor Swift ရဲ့ "Bad Blood" သီချင်းဗီဒီယို ကို ရိုက်ကူးခဲ့တဲ့ အထာ နဲ့ ဆင်တူနေပါတယ်။ Taylor Swift ရဲ့ "Bad Blood" သီချင်းဗီဒီယို မှာတော့ Cara Delevingne ၊ Lena Dunham ၊ Ellie Goulding ၊ Jessica Alba ၊ Ellen Pompeo ၊ Mariska Hargitay ၊ Lily Aldradge ၊ Gigi Hadid ၊ Karlie Kloss ၊ Zendaya ၊ Harley William နဲ့ အခြား အနုပညာရှင်တွေက ကူညီပြီး သရုပ်ဆောင်ပေးထားကြပါတယ်။

Taylor Swift ရဲ့ Bad Blood သီချင်းဟာ သူမရဲ့ ပြိုင်ဘက် ဖြစ်တဲ့ Katy Perry ကို တိုက်ခိုက်ထားတာဖြစ်ပြီး အခုထွက်ရှိလာမယ့် Madonna ရဲ့ သီချင်းမှာတော့ Katy Perry က ၀င်ရောက် သရုပ်ဆောင်ပေးထားတာကို တွေ့ရပါတယ်။

"ဗီဒီယို မကြာခင်လာတော့မှာပါ။သင်တို့အတွက်အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်။ငါတို့ဟာ အလုပ်ကြိုးစားတဲ့ မိန်းမ(Bitch) တွေပါ ။ #bitchimmadonna လို့ သူမက Instagram မှာ ရေးသားထားခဲ့ပါတယ်။

ထို ဗီဒီယိုကိုတော့ ပြီးခဲ့တဲ့ အပတ်ကပဲ တင်ထားခဲ့တာဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ထွက်မယ်လို့ ဆိုထားပေမယ့် အခုထိတော့ ဘာသတင်းမှ မကြားရသေးပါဘူး။ ထိုသီချင်းကို Madonna က Jay-Z ရဲ့ Tidal ဂီတ၀န်ဆောင်မှု စာမျက်နှာကနေ စတင် ဖြန့်ချီမယ်လို့ ခန့်မှန်းရပါတယ်။

( Mario ) - သစ်ထူးလွင်
Ref : Starpulse

မှတ်ချက်များ