BDSM ဘစ်ကနီ ၀တ်ပြီး Cool For Summer သီချင်းအတွက် Pool Party ကျင်းပခဲ့တဲ့ Demi Lovato


Demi Lovato ဟာ သူမရဲ့ သီချင်းသစ်တစ်ပုဒ်"Cool for the Summer "ကို အောင်မြင်စွာ ဖြန့်ချိနိုင်ခဲ့ခြင်းအတွက် နယူးယောက်ခ် မြို့မှာ Pool Party တစ်ခု ကျင်းပခဲ့ပါတယ်။

Demi ဟာ နွေရာသီပူပူမှာ blue-jean အတိုနဲ့ BDSM စတိုင် ဘစ်ကနီ အမည်းရောင်တို့နဲ့ လန်းနေခဲ့ပါတယ်။

New York's Z100 Radio Station က ပူးပေါင်း ကျင်းပပေးတဲ့ အဆိုပါ ပါတီပွဲမှာ Demi ဟာ ပရိသတ်တွေကို သူ့ သီချင်းအစီအစဉ်နဲ့ ဖျော်ဖြေပြီး မှာ အကျီ င်္ မချွတ်သေးဘဲ ရေကန်ထဲ ခုန်ချပြီး ပရိသတ်တွေနဲ့ အတူ ရေကစားခဲ့ပါတယ် ။ ပရိသတ်တွေက အတင်း တိုးဝှေ့ပြီး Demi နဲ့ Selfie ရိုက်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ပါတီပွဲအပြီးမှာတော့ Demi ဟာ ပါတီအကြောင်းကို Instagram မှာ အခုလိုပဲ ရေးသားခဲ့ပါတယ်။

"အရမ်းကို အံ့သြ ပျော်စရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ။ တကယ်ပဲ ကျွန်မဘ၀ရဲ့ အကောင်းဆုံးနေ့တွေထဲက တစ်နေ့ပါပဲ။ လိုနေတာ တစ်ခုကတော့ ကျွန်မ ချစ်သူပါ ၊ Wilmer Valderrama ၊ ကျွန်မ ရှင့်ကို အရမ်း ချစ်ပါတယ်။ (ပါတီပွဲအတွက်) ကူညီပံ့ပိုးပေးတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ စိတ်ကူးတွေ
အကောင်အထည်ပေါ်လာခဲ့ပါပြီ။"

(TMW) - သစ်ထူးလွင်
Ref: Starpulse

မှတ်ချက်များ