ရုရှားအာဏာရပါတီ ယူနိုက်တက်ရုရှားသည် လိင်တူထိမ်း မြားခြင်းများအား ဆန့်ကျင်သောအားဖြင့် မိသားစုတန်ဖိုးနှင့် အစဉ်အလာ ဖို၊ မ လက်ထပ်မှုကိုသာအားပေးသည့် အလံဒီဇိုင်း တစ်ခုကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
ထိုအလံကို လိင်ကွဲအလံ့ Heterosexual Flag အဖြစ် သတ်မှတ်ထားပြီး အလံထဲတွင် အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် ကလေးသုံးဦးတို့က မိသားစုများ သဖွယ်ရပ်နေကာ ၎င်းတို့နှင့်အတူ ရုရှားစာသားဖြင့် “တကယ့်စစ်မှန်သည့်မိသားစု”ဟု ဖော်ပြထားသည်။ အဆိုပါအလံမှာ မကြာမီက လိင်တူချစ်သူများကို အားပေး ထောက်ခံဖော်ကျူးထားသည့် သက်တန့် ရောင်စုံအလံကို တိုက်ရိုက်တုံ့ပြန်ချက်လည်း ဖြစ်ခဲ့သည်။
သမ္မတပူတင်၏ ပါတီယူနိုက်တက်ရုရှားသည် ၎င်းတို့အလံတွင် နှစ်ရောင် ခြယ်သာလုပ်ထားသည်။ ပါတီက ထိုအလံသည် မိသားစုနေ့အဖြစ် နိုင်ငံတွင် လုပ်ဆောင်လေ့ရှိသည့် ဗုဒ္ဓဟူးနေ့တွင် ကျရောက်သည့် နှစ်ပတ်လည်နေ့ ကို ဂုဏ်ပြု ခြင်းဖြစ်ကြောင်း ဆိုသည်။ မော်စကိုရှိ ပါတီဌာနခွဲမှ လက်ထောက်အကြီးအကဲ အင်ဒရေ လီဆိုဗင်ကိုကလည်း အလံမှာ အမေရိကန် တရားလွှတ်တော်ချုပ်က ဇွန်လ(၂၆)တွင် ချမှတ်ခဲ့သည့် လိင်တူထိမ်းမြားခွင့်ကို လက်ခံသောဆုံးဖြတ်ချက်ကြောင့် သက်တန့် အလံများ ခေတ်စားလာခြင်းမှ အိုင်ဒီယာရကြောင်း ဆိုသည်။
The Messager
The Messager

မှတ်ချက်များ