အောင်မြင်မှုကို ကိုယ့်ကိုယ်ပဲ တိုင်းတယ်


သရုပ်ဆောင်အဆိုတော်တစ်ဦးဖြစ်တဲ့ သက်ဆုနဒီက သူရဲ့အောင်မြင်မှုတွေကို ကိုယ့်ကိုယ် ကိုယ်နဲ့ နှိုင်းယှဉ်ပြီး တိုင်းတာတယ်လို့ ပြောပါတယ်။

“ညီမက ကိုယ့်ရဲ့အောင်မြင်မှုဆိုတာကို တိုင်းတာမယ်ဆိုရင်တော့ ဘာနဲ့မှ မတိုင်းတာပါဘူး။ ကိုယ်တိုင်ပဲတိုင်းတာတယ်။ နောက်တစ်ခုက ညီမရဲ့လေ့လာမှုကနေရလာတဲ့ အကြောင်းအရာလေး တွေကိုပဲ ဖြည်းဖြည်းချင်းပဲ ပြန်ခံစားတယ်။ ညီမကိုယ်တိုင်က ရင့်ကျက်လာမှုအရ ပညာစွမ်းရည်တွေနဲ့ ကိုယ်ရလာမယ့် အကျိုးကျေးဇူးတွေကိုပဲ မျှော်လင့်ထားပါတယ်။ 

ဒါမှလည်း အောင်မြင်မှုဆိုတဲ့ ဒြပ်မဲ့အရာကြီးကို ထိန်းထားနိုင်မယ်လို့ထင်တယ်။ ဒါကတော့ ညီမရဲ့အောင်မြင်မှုဆိုတာကို တိုင်းတာမယ့် စိတ်တစ်ခုပေါ့နော်။ ညီမကိုယ်တိုင်ကတော့ အသစ်လည်းဖြစ်တယ်ဆိုတော့ ညီမပြောခဲ့တဲ့ အောင်မြင်မှုကိုရအောင်တော့ လုပ်ရဦးမှာပါ။ ဘယ်လိုအနုပညာပဲဖြစ်ဖြစ်ပေါ့။ အဆိုပိုင်းမှာပဲဖြစ်ဖြစ်၊ သရုပ်ဆောင်ပိုင်းမှာပဲဖြစ်ဖြစ် ရအောင်တော့ ညီမလုပ်သွားမှာပါ”လို့ ပြေပါတယ်။

အဆိုပိုင်းမှာ “အချစ်လွန်ရောဂါ” တစ်ကိုယ်တော်အခွေတော့ ထွက်ရှိထားပြီး၊ သရုပ်ဆောင်ပိုင်းမှာလည်း ကာရိုက်တာ ပီပြင်အောင် လုပ်ဆောင်သွားဦးမှာပါလို့ ဆိုပါတယ်။

The Messager

မှတ်ချက်များ