ဆေးလိပ်သောက်ခြင်းနှင့် စိတ်ကစဥ့်ကလျားရောဂါတို့ကြား ဆက်စပ်မှုရှိနေ
စီးကရက်သောက်ခြင်းနှင့် စိတ်ကစဥ့်ကလျား ရောဂါဖြစ်ခြင်းတို့ကြားတွင် ဆက်စပ်မှုများရှိနိုင်ကြောင်း သုတေသီများက ဖော်ထုတ်လိုက်သည်။
ပညာရှင်များသည် ဆေးရွက်ကြီးနှင့် ဆေးလိပ်သုံးစွဲသူ တစ်သောင်းခွဲနှင့် မသုံးစွဲသူ(၂၇၃၀၀၀)ကို လေ့လာခဲ့ပြီးနောက် ၎င်းတို့ကြားတွင် စိတ်ရောဂါဖြစ် နိုင်မှုအခြေအနေနှုန်းထားများကို လေ့လာခဲ့သည်။ ထိုသို့ နှိုင်းယှဉ်ရာတွင် ၎င်းတို့ ကြား၌ အမြင်မှောက်မှားမှုများ၊ စိတ် ကယောင်ချောက်ချားဖြစ်ခြင်းနှင့် အသံများ ကြားခြင်းတို့ကို နှိုင်းယှဉ်ခဲ့ရာ စီးကရက် သောက်သူများထဲတွင် ထိုသို့ စိတ်ပိုင်းဆိုင်ရာ ရောဂါများဖြစ်နိုင်ခြေ ပိုများသည်ကို တွေ့ရခြင်းဖြစ်သည်။ “အကြောင်းအရင်းကို ဖြစ်စေတဲ့အချက်ကို ရှာရခက်ပေမဲ့ ကျွန်တော်တို့ တွေ့ရှိချက်မှာ ဆေးလိပ်သောက်ခြင်းဟာ စိတ်ပိုင်းဝေဒနာတွေဖြစ် ထွန်းစေဖို့ အန္တရာယ်ပေးတဲ့ အချက်အလက် တစ်ခုဖြစ်နေတာကို အရေးထားသင့်ပါတယ်” ဟု စစ်တမ်းပြုလုပ်သည့် ပညာရှင် ဂျိမ်းစ်မက်ကဘီက ဆိုသည်။
စိတ်ကစဥ့်ကလျားရောဂါခေါ် စကီဇိုဖရီးယားနီးယားမှာ စိတ်ပိုင်းမတည်ငြိမ်မှု ရောဂါဖြစ်ပြီး၊ လူ(၁၀၀)တွင် တစ်ဦးကို သက်ရောက်မှုရှိနိုင်သည်။ ပုံမှန်အားဖြင့် ငယ်စဉ်ဘ၀တွင် ဖြစ်လေ့မရှိဘဲ အရွယ်ရောက်ကာစတွင် ဖြစ်ပေါ်လာခြင်းဖြစ်ကာ ဖြစ်နေကျ လက္ခဏာများမှာ အတွေးများပြတ်တောက်ခြင်း၊ အမြင်အယူအဆများတွင် စိတ်ရောဂါခံစားနေရမှု အတွေ့အကြုံများ ပြသခြင်းတို့ ဖြစ်ကြသည်။ လေ့လာမှုတွင် လူအများကြား ဆေးလိပ်သောက်မှုနှင့် စိတ်ဝေဒနာတို့ဆက်စပ်နိုင်ရန် စိတ်ဝေဒနာရှိသူများမှာ သာမန်လူများထက် ဆေးလိပ် သောက်သူများထဲမှ ဖြစ်နိုင်ခြေ သုံးဆပိုများကြောင်း ဆိုသည်။
The Messager

မှတ်ချက်များ