မျက်နှာသစ် အနုပညာမိတ်ဆက်


အနုပညာအမည် - ရှင်ယွန်းမြတ်

အမည်ရင်း - နှင်းနွေးခိုင်(ခ)မေကံ့ကော်

ပညာအရည်အချင်း - ဒုတိယနှစ်(ဥပဒေ)

လတ်တလော Crazy ဖြစ်နေတာက - ခရီးသွားရတာကိုပါ။

ကမ္ဘာပေါ်မှာအသွားချင်ဆုံးနေရာ - မော်လ်ဒိုက် ကမ်းခြေကိုအလည် သွားချင်ပါတယ်။

IT ပစ္စည်းတွေမှာဆိုရင် - Apple က ထွက်သမျှအကုန်ကြိုက်နေတယ်။

မျှော်လင့်ထားတဲ့ဘ၀နေထိုင်မှုပုံစံက - အမေ့အနားမှာ အဖော်အဖြစ်အမြဲနေပေးပြီး အားကိုးရတဲ့သမီးတစ်ယောက်ပါ။

ချစ်သူရှိရင် - ညီမအပျိုကြီးလုပ်မှာပါ။

ကိုယ့်ရဲ့အားနည်းချက်လို့ထင်တာက - အရမ်းယုံလွယ်တယ်။

စုဖြစ်တဲ့အရာ - စိန်

ဘ၀မှာလက်ကိုင်ထားတဲ့ဆောင်ပုဒ် - ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ။

ဖြစ်ချင်တဲ့ဆန္ဒ - ငယ်ငယ်ကတည်းက မိသားစုတကွဲတပြား နေခဲ့ရတော့၊ မိသားစု စုစုစည်းစည်း ဘ၀ကို ပြန်လိုချင်တယ်။

မသိလိုက်ဘဲ လုပ်ဖြစ်တဲ့အကျင့်တစ်ခု - တစ်ခါတစ်ခါယောင်ယောင်ပြီး ဗွေရှိတဲ့ နားကဆံပင်မွေးကို နုတ်နုတ်နေမိတာပါ။

ချစ်တတ်တဲ့ သတ္တ၀ါ - ကြောင်

အားကျတဲ့ Cele - ဂျေလို၊ ဂျွန်နီဒပ်ဖ်

ဖက်ရှင် - ဖက်ရှင်ထဲမှာတော့ ခန္ဓာကိုယ်အလှကို ပေါ်အောင်ဝတ်ရတဲ့ ဖက်ရှင်မျိုးတွေကို အကြိုက်ဆုံးပဲ။

ခန္ဓာကိုယ်အလေးချိန် - (၁၂၀) ပေါင်

ခန္ဓာကိုယ်အချိုးအစား - ၃၄/၂၆/၃၈

အရပ် - (၅)ပေ၊ (၄)လက်မ

ပရိသတ်ကို ပြောချင်တဲ့စကား - အရင်လို ဇာတ်ကားတွေမရိုက်ဖြစ်တော့ပေမယ့် တစ်ကိုယ်တော်သီချင်းခွေ ထွက်လာရင်လည်း

ပရိသတ်ကြီးက သမီးကို အားပေးပါဦးလို့။

FB သုံးဖြစ်တာက - ညီမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ အလုပ်အကြောင်းတွေတင်ပြတယ်။ သူငယ်ချင်းတွေနဲ့ စကားပြောပြီး

သူတို့ဘာလုပ်နေလဲဆိုတာ သိချင်လို့ပ

Facebook Name - Princess Shin Yoon Mya

The Messager

မှတ်ချက်များ