ဆေးပညာဆိုင်ရာ နိုဘယ်ဆု တံဆိပ်ကို လေလံတင်မည်
သိပံ္ပပညာရှင်များကို ကူညီထောက်ပံ့ရန်အတွက် ဆေးပညာနိုဘယ်ဆုတံဆိပ်ကို လေလံတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ဂျာမနီနိုင်ငံသား ဂျူးလူမျိုး ဒုက္ခသည် ဟန်ခရတ်ခ်၏ ဆေးပညာနိုဘယ်ဆုတံဆိပ်ကို ဆောက်ဘီလေလံကုမ္ပဏီက လေလံတင်ရောင်းချမည်ဖြစ်ပြီး၊ လေလံပွဲမှ ရရှိမည့်ငွေများကို ဆေးပညာရှင်များအား ကူညီထောက်ပံ့ရေးကိစ္စများတွင် အသုံးပြု သွားမည်ဖြစ်သည်။
၁၉၅၃ ခုနှစ်တွင် ဟန်ခရတ်ခ်သည် ဆေးပညာနိုဘယ်ဆုကို ဖရစ်လစ်မန်နှင့် ပူးတွဲရရှိခဲ့သည်။ ၎င်း၏ဆေးပညာ နိုဘယ် ဆုတံဆိပ်ကို ယခုနှစ်ဇူလိုင်လ (၁၄)ရက်နေ့ တွင် လေလံတင်ရောင်းချမည်ဖြစ်ပြီး၊ လေလံပွဲမတိုင်မီ ကြမ်းခင်းဈေးမှာ ပေါင် (၂၅၀၀၀၀) မှ ပေါင်(၃၀၀၀၀၀)အထိဖြစ်ကြောင်း လေလံကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။
ဆေးပညာရှင် ခရတ်ခ်သည် ၁၉၃၀ ပြည့်နှစ်အစောပိုင်းနှစ်များတွင် ဂျာမနီမှ ဗြိတိန်သို့ ထွက်ပြေးလာခဲ့သည့် ဒုက္ခသည် တစ်ယောက်ဖြစ်ပြီး၊ ဗြိတိန်နိုင်ငံတွင် ခိုလှုံခွင့်ရရှိခဲ့ပြီး၊ ၎င်း၏ သုတေသနလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်ခဲ့သည်။ ၎င်း၏သားဖြစ်သူ ဗြိတိန်လွှတ်တော် အမတ်တစ်ယောက်ဖြစ်သည့် ဂျွန်က ယခုလို လေလံတင်ရောင်းချပြီး ရရှိလာမည့်ငွေများအား ဒုက္ခသည်ပညာရှင်များကို ကူညီထောက်ပံ့မည်ကိစ္စကို သူ့ဖခင်ထောက်ခံလိမ့်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
The Messager

မှတ်ချက်များ