အခုချိန်ထိကိုယ်စားလှယ်လောင်း စာရင်းတွင် မပါဝင်တော့သဖြင့် လာမည့်ရွေး ကောက်ပွဲတွင်သမ္မတဦးသိန်းစိန်အနေဖြင့် ပြည်ခိုင်ဖြိုး ပါတီကနေ၀င် ရောက်ယှဉ်ပြိုင်မှာ မဟုတ်တော့ကြောင်း ပါတီခေါင်းဆောင်တွေ ကပြောပါတယ်။
ဒါ့အပြင်သမ္မတဦးသိန်းစိန်အနေဖြင့် ပါတီကိုပြန်မလာတော့ဘူး လို့ ထင်မြင် ယူဆကြောင်းလဲ သူရဦးအောင်ကိုကဒီ ကနေ့ သ တင်း ထောက် များကိုပြောကြားခဲ့ပါတယ်။
သမ္မတနေဖြင့်ပါတီကိုပြန်လာမည်ဆိုပါက ပါတီကလက်ခံမှာဖြစ်သော်လည်း ပါတီဥက္ကဌ ရာထူးအတွက်ကိုမူ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင်ပြုလုပ်မဲ့ ပါတီညီလာခံတွင် ပြန်လည်ရွေးချယ် ရမှာဖြစ်တယ်လို့ ပါတီခေါင်းဆော င်တွေက ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ အဖြစ် ဇဗ္ဗူသီရိမြို့ နယ် က၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။သမ္မတ အဖြစ်ရွေးချယ်ခံရပြီးတဲ့အချိန်ကစလို့ ဖွဲ့ စည်းပုံအခြေခံ ဥပဒေအရ ပါတီနိုင်ငံရေးလုပ်ခွင့်မရှိတော့သည့်အတွက်ပါတီဥက္ကဌ ရာထူးအား သူရဦးရွှေမန်းကိုလွဲပြောင်း ပေးခဲ့တာဖြစ်ပါတယ်။
BBC Burmese

မှတ်ချက်များ