ပြောပြသူကတော့အသက်၉၅နှစ်ရှိပြီဖြစ်တဲ့ ဒေါ်သန်းကြည်ပဲဖြစ်ပါသည်။သူတို့တွေနှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး အခြေချလုပ်ကိုင်စားသောက်နေတဲ့ လယ် ယာမြေ ဧက ၃၀ ကျော်ကို ၂၀၀၄ ခုနှစ် မှာ မြို့ပြစီမံကိန်းလုပ်ဖို့ ဟိုတယ်ဇုန်၊ သံတမန်ရပ်ကွက်လုပ်ဖို့ပြောပြီး ဖယ်ခိုင်း ခဲ့ကြောင်း၊ အစားမပေး နှစ်ပေါင်း ၆၀ နီးပါး တောတွေခုတ်၊ တောတွေရှင်းလုပ် ထားတဲ့ လုပ်ကိုင်စားသောက်နေတဲ့ လယ် ယာမြေအတွက် လျော်ကြေးမပေးဘဲ ဖယ် ခိုင်းခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ် ဖယ်ခိုင်းတဲ့ အချိန်မှာ ရန်အောင်မြင်ကြိုးဝိုင်းကွင်းစမ်း ချောင်းလို ရွာလေးတွင် ဒေါ်သန်းကြည် မိသားစုဝင်အပါအ၀င် တဲ ၁၇ လုံး လူဦး ရေ ၅၀ နီးပါးရှိကြောင်း၊
မဲထီးရွာက ထွက် လာခဲ့သည်မှာ နှစ်ပေါင်း ၇၀ နီးပါးရှိပြီဖြစ် လို့ ပိုင်ဆိုင်တဲ့နေရာ နေစရာအိမ်မရှိတော့ ကြောင်း၊ လယ်လုပ် ယာလုပ်ရင်း တပ်မ တော်အစိုးရလက်ထက် ဖယ်ခိုင်းသော် လည်း မဖယ်နိုင်ခဲ့ဘဲ ဒီလိုပဲ လုပ်ကိုင်စား သောက်နေခဲ့ရာမှ ၂၀၁၅ ခုနှစ် ၆ လပိုင်း ၂ ရက်နေ့တွင် ဒေါ်သန်းကြည် ၉၅ နှစ် အပါအ၀င် ဦးမင်းမင်း၊ ဦးခင်မောင်ဝင်း၊ ဦးကျော်ကျော်၊ ဦးစန်းလင်းအောင်၊ ဒေါ်သန်းသန်းအေးတို့ ၆ ဦးကို နေပြည် တော်စည်ပင်က ပုဒ်မ ၂၆ နဲ့ စတင်တရား စွဲခဲ့ကြောင်း၊
အစားပြန်ပေးရင် နေစရာ နေရာလေးတခုပေးရင် ဖယ်ပေးပါမယ်လို့ တာဝန်ရှိသူတွေကို ပြောပြသော်လည်း အစားမပေး လျော်ကြေးမပေးတဲ့အပြင် အသက် ၉၅ နှစ်ကျော် အမေအိုကြီးအပါ အ၀င် ၆ ဦးကို ရုံးချိန်း ၃ ချိန်းမြောက် အဖြစ် ၈-၇-၂၀၁၅ ရက်နေ့ကို ထပ်မံချိန်း ဆိုထားကြောင်း၊ စည်ပင်က တရားစွဲရင် တော့ ကြီးကြီးငယ်ငယ် ထောင်ကျတော့မှာ ဖြစ်ကြောင်း၊ စည်ပင်တရားရုံးက ထောင် ဒဏ် တလအပြစ်ပေးခံခဲ့ရသည့် အသက် ၈၀ ကျော် အမေအိုကြီးတယောက်၏ ပြောသံကြားခဲ့ရပါသည်။
ထွန်း(နေပြည်တော်) - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ထွန်း(နေပြည်တော်) - News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ