အမေရိကန်ကျောင်းဆရာမတစ်ဦးကို သတ်ဖြတ်မှုကြောင့် ယူအေအီးတွင် ကွပ်မျက်ခံခဲ့ရတဲ့ အမျိုးသမီး



ယူအေအီးအစိုးရဟာ မြို့တော်အဘူဒါဘီရှိ ရှော့ပင်းမောတစ်ခုမှာ အမေရိကန်ကျောင်းဆရာမတစ်ယောက်ကို ဂျီဟတ်ဝါဒီတစ်ဦးပုံစံဖြင့် သတ်ဖြတ်ထားသည်ဟု စွဲချက်တင်ကာ ယူအေအီးအမျိုးသမီးတစ်ဦးအား ဇူလိုင် ၁၃ ရက်တွင် ကွပ်မျက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၃၀ နှစ်ရှိ အလာဘာဒါအယ်လ်ဟာရှမ်မီဟာ ပြီးခဲ့တဲ့လက သမ္မတ ရှိတ်ခ်ခါလီဖဘင်ဇေယက်အယ်လ်နာယန်က သေဒဏ်ကို အတည်ပြုပြီးတဲ့နောက် အာရုံတက်ချိန်မှာ ကွပ်မျက်ခံခဲ့ရတာဖြစ်တယ်လို့ ပြည်တွင်းသတင်းအေဂျင်စီ WAM က ဖော်ပြခဲ့ပါတယ်။

ဟာရှမ်မီဟာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှာ ရှောပင်းမောတစ်ခုရဲ့ သန့်စင်ခန်းတစ်ခုအတွင်း ကလေးသုံးယောက်မိခင် အသက် ၄၇ နှစ်ရှိ အီဘိုယာရိုင်ယန်ကို ဓားနဲ့ထိုးခဲ့တဲ့အမှုမှာ ပြစ်မှုထင်ရှားပြီးနောက် ပြစ်ဒဏ်စီရင်ခံခဲ့ရတာပါ။

ရိုင်ယန်သေဆုံးတဲ့ ဒီအမှုမှာ ဟာရှမ်မီဟာ အဲ့ဒီ့နေ့ကပဲ ယူအေအီးမြိ့တော်ရှိ ရိုင်ယန့်အိမ်အပြင်ဘက်မှာ လက်တွေ့ပေါက်ကွဲမသွားခဲ့တဲ့ လက်လုပ်ပိုက်ဗုံးတစ်လုံးထားမှုနဲ့လည်း စွဲချက်တင်ခံရပါသေးတယ်။ ဟာရှမ်မီဟာ ယူအေအီးကို ထိခိုက်စေနိုင်တဲ့ အချက်အလက်တွေ ဖြန့်ဖြူးဖို့ အင်တာနက်အကောင့်တစ်ခုသုံးနေဖွယ်ရှိပြီး အကြမ်းဖက်လုပ်ရပ်တွေအတွက် ယီမင်ရှိ အယ်လ်ကေးဒါးတွေဆီလည်း ငွေကြေးထောက်ပံ့မှုအတွက်လည်း ပြစ်မှုထင်ရှားတယ်လို့ သိရပါတယ်။

ဖိုးသူတော်

မှတ်ချက်များ