အချိန်ပေးပြီး ဘတ်စ်ကတ်ဘောဆော့ချင်တဲ့ ခင်ဝင့်ဝါ


လတ်တလောရေပန်းစားနေတဲ့၊ သရုပ်ဆောင် ဖြစ်သလို Miss တစ်ဦးလည်း ဖြစ်ပြန်သေးတဲ့ ခင်ဝင့်ဝါက သူ့အနေနဲ့ ဘတ်စ်ကတ်ဘော အားကစားကို အချိန်ပေးပြီး ကစားချင်တယ်လို့ ဖွင့်ဟသွားပါတယ်။

“တကယ်တော့ ကိုယ်က ဒီလောကမှာ နာမည်ရလာလေ၊ ကိုယ့်ရဲ့ အချိန်တွေက မလောက်ဖြစ်နေတယ်။ အရင်တုန်းကဆို ကိုယ်လုပ်ချင်တဲ့ အရာလေးတွေဆို စိတ်ထဲမထားပဲ လုပ်လိုက်လို့ရတယ်။ အခုဆို အရာရာကို အချိန်ဇယားကြီးတစ်ခုနဲ့ ပုံသေလုပ်နေရတယ်။ အားကစားမှာဆိုလည်း ညီမအရင်က ဘတ်စ်ကတ်ဘောကို ခဏခဏဆော့ ဖြစ်တယ်။ အခုအချိန်အရ မဆော့ဖြစ်တာကြာပြီး ဒီကစားနည်းက ညီမ အကြိုက်ဆုံး အားကစားတစ်ခုဆိုတော့ နောက်ပိုင်းအချိန်ပေးပြီး ဆော့လို့ရအောင် လုပ်နေတယ်။ အားကစားဆိုတာလည်း လေ့ကျင့်ခန်းလိုပဲဆိုတော့ လူတိုင်းလုပ်သင့်တယ်။ ဒါမှလည်း ကျန်းမာရေးကောင်းမယ်။ စိတ်သွက်လက်လာမယ်လို့ ထင်တယ်”ဟု ပြောပါ တယ်။

လက်တလောမှာတော့ ရဲရင့်အောင်နဲ့ ဆေးကျောင်းသား ဇာတ်လမ်းလေး ရိုက်ကူးထားပြီး၊ လူငယ် ပုံစံဟာသ ဇာတ်လမ်းလေးဖြစ်တဲ့ ကိုသားညီ ရိုက်တဲ့ “ဘူထွာစစ်ဆင်ရေး”လည်း ရိုက်ကူးပြီးသွားပြီလို့ ပြောပါတယ်။

The Messenger

မှတ်ချက်များ