အသက် ၅၂ နှစ်အရွယ်မိခင်တစ်ဦးရဲ့ မယုံနိုင်လောက်တဲ့နုပျို မှု


သူမရဲ့နက်မှောင်တဲ့ဆံကံသော၊ ရှင်းသန့်နေတဲ့ အသားအရည်တွေကြောင့် အသက်အရွယ်နဲ့ မလိုက်အောင် လှပလွန်းနေတဲ့ အမျိုးသမီးဟာ အင်္ဂလန်က လိဒ်စ်မြို့မှာနေထိုင်ပါတယ်။ အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် သူမဟာသားအသက် ၂၁ နှစ်အရွယ်သားဖြစ်သူနဲ့ အသက်အရွယ်အတူတူပဲလို့ ထင်ရလောက်အောင် ကျန်းမာနုပျိုလျှက်ရှိပါတယ်။

အမျိုးသားအများစုကတော့ သူမရဲ့အသက်အရွယ်ကို ပြောလိုက်တဲ့အခါတိုင်း မယုံကြည်ကြသူများပါတယ်။ သတင်းစာဆရာတွေအကြား သူမအကြောင်းကို သိလာကြချိန်မှာတော့ သူမဟာအခုလို စာမျက်နှာတွေပေါ်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။ အသက် ၅၂ နှစ်အရွယ်ထိ ကျန်းမာနုပျိုပြီး လူငယ်အမျိုးသမီးတစ်ယောက်လို ဖြစ်နေရတာကလည်း သူမမှာလျှို့ဝှက်ချက်ရှိပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်အောင် အစားကိုအမြဲဂရုစိုက်စားသုံးလေ့ရှိသူဖြစ်ပါတယ်။ သဘာဝအုန်းဆီကိုလည်း ကိစ္စအတော်များများမှာ အသုံးပြုလေ့ရှိပါတယ်။ အိမ်အပြင်ထွက်ရင် အမြဲတမ်း နေလောင်ခံအလှဆီ(sunscreen) ကိုလိမ်းပြီးမှထွက်လေ့ရှိပါတယ်။ အဲဒါကတော့ သူမနုပျိုကျန်းမာနေတဲ့ အဓိကလျှို့ဝှက်ချက်တွေဖြစ်ပါတယ်။

သူမရဲ့အရွယ်တင်နုပျိုလွန်းတဲ့အခြေအနေကြောင်း သူတို့မိသားစုအကြောင်း မသိသူများက သူမသားရဲ့ ချစ်သူအဖြစ်မှားယွင်းသတ်မှတ်ခဲ့ကြတာတွေတောင်ရှိဖူးပါတယ်။ သူမဟာ အသက်ငယ်ရွယ်သူအမျိုးသားတွေဆီက အာရုံစိုက်မှုတွေရသူတစ်ယောက်ဖြစ်ပေမယ့် လူငယ်တွေနဲ့ အချစ်ဇာတ်လမ်းခင်းဖို့တော့ စိတ်မဝင်စားဖူးလို့ ပြောပါတယ်။ သူမဟာ အသက်နှစ်ဆယ်ကျော်အရွယ်မှာ ကွာရှင်းခဲ့သူဖြစ်ပါတယ်။

Planet Myanmar Network

မှတ်ချက်များ