![]() |
| လူသတ်၍ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွားသူကို နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ |
အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ အခင်းဖြစ် အိမ်ဘေးကပ်လျက်၌ သေဆုံးသူမိသားစုက ကန်ထရိုက်တိုက်ဆောက်လုပ်ရန်ပေးအပ်ထားသော လုပ်ငန်းခွင်မှ အလုပ်သမားဖြစ်သူ လှိုင်သာယာ မြို့နယ်နေ ချစ်ဘို၊ (၁၉)နှစ်မှာ အခင်းဖြစ်နေအိမ်သို့ အ၀င်အထွက်ရှိကြောင်း မသင်္ကာဖွယ်သိရှိရ သဖြင့် ၁၉၀၀ အချိန်တွင် ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းသည် ယင်းနေ့ ၀၈၃၀ အချိန်ခန့်က အဆိုပါနေအိမ် သို့သွားရောက်ခဲ့ပြီး နောက်ဖေး
လှေကားအနီး၌ သေဆုံးသူ၏ ဦးခေါင်းအား တုတ်ဖြင့်ရိုက်နှက်ကာ သံမံတလင်းဖြင့်ဆောင့်ပြီး ၀တ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများကို ယူဆောင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
၎င်းထံမှ အမှုမှပါဆုံးသွားသည့်ရွှေထည်ပစ္စည်းများရောင်းချရရှိသည့်ငွေဖြင့် ၀ယ်ယူထားသည့် ရွှေထည်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် ငွေကျပ်(၁၂၀၀၀၀)တို့အား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
Yangon Police

မှတ်ချက်များ