နောက် ၅နှစ်အတွင်း အကြားအာရုံကို ကုသပေးနိုင်တော့မယ့် မျိုးရိုးဗီဇကုထုံး
လူသားတွေရဲ့ အကြားအာရုံချို့တဲ့ခြင်းကို ကုသပေးနိုင်မယ့် မျိုးရိုးဗီဇကုထုံးဟာ နောက် ၅နှစ်လောက်ဆို ရရှိနိုင်တော့မှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ပြန်လည်ဆန်းသစ်ထားတဲ့နည်းပညာဟာ အမှားအယွင်းရှိနေတဲ့ DNA ကို ပြုပြင်ပေးပြီး ကြွက်တွေရဲ့ အကြားအာရုံကို တဖန်ပြန်လည်ရရှိစေနိုင်ခဲ့ပြီ ဖြစ်ကြောင်း သုတေသနတစ်ရပ်က ထုတ်ဖော်ပြသခဲ့ပါတယ်။
အလားတူ လူသားအကျိုးပြုသိပ္ပံဆိုင်ရာသုတေသန မျိုးရိုးဗီဇကုထုံးကို ထိခိုက်၍သော်လည်းကောင်း၊ ရောဂါကြောင့်သော်လည်းကောင်း အကြားအာရုံပျက်စီးသွားတဲ့ လူသားတွေမှာ အသုံးပြုနိုင်ဖို့ လုပ်ဆောင်လျှက်ရှိပါတယ်။
အမှားအယွင်းရှိနေတဲ့ မျိုးရိုးဗီဇတွေရဲ့ ကျန်းမာနေတဲ့ မျိုးရိုးဗီဇပွားယူမှုကို လက်ခံရရှိပြီးတဲ့နောက် အကြားအာရုံချို့တဲ့နေတဲ့ ကြွက်တွေဟာ ဆူညံသံတွေကို အာရုံခံလာနိုင်ကြောင်း ယခုနောက်ဆုံး သုတေသနရပ်က ရှာဖွေတွေ့ရှိခဲ့တာပါ။
ကြွက်တွေရဲ့ သန္ဓေပြောင်းမျိုးရိုးဗီဇတွေဟာ အကြားအာရုံချို့တဲ့နေတဲ့ လူသားအချို့နဲ့သက်ဆိုင်တဲ့ မျိုးရိုးဗီဇတွေနဲ့ ဆင်တူနေတဲ့အတွက် ဒီနည်းပညာကို လူသားတွေဆီမှာ အသုံးချနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ ပိုမိုခိုင်မာလာခဲ့တာဖြစ်ပါတယ်။
၎င်းမျိုးရိုးဗီဇကုထုံးဟာ နားအတွင်းပိုင်း ဆံချည်ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်တွေကို အကူအညီပေးခဲ့ပြီး အကြားအာရုံကို တစ်စိတ်တစ်ပိုင်းချင်း ပြန်လည်ကောင်းမွန်လာစေခဲ့တာပါ။
ဒီနည်းပညာကို လူသားတွေဆီမှာ နောက်၅နှစ်မှ ၁၀နှစ်အတွင်း အသုံးပြုကုသနိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက အခိုင်အမာဆိုထားပါတယ်။
( Skyler ) - သစ်ထူးလွင်
Ref : Dailymail
မှတ်ချက်များ