အလွန် ကပ်စေးနှဲသောသူ တစ်ဦးကို ဇနီးဖြစ်သူမှ ပြောလိုက်သည်။
“ငွေက စကား ပြောတယ် ဆိုတာ တကယ်လားဟင်”
“သိပ်ဟုတ်တာပေါ့ မိန်းမရယ်”
“ဒါဆို ကိုကို အပြင် သွားတဲ့ အခါ ကျွန်မ တစ်ယောက်တည်း နေရတာ ပျင်းလွန်းလို့ စကားပြောဖော် အဖြစ် ငွေ နည်းနည်းလောက် ပေးထားခဲ့စမ်းပါ”
ဟိုက်(စ်) !
-----
ကိုကိုချဉ်တစ်ယောက် ကောင်မလေး တစ်ယောက်ကို chat box မှာ Q နေသည်။
ကိုကိုချဉ်- “ကျွန်တော့် ကိုယ်ကို မင်းလေးဆီ လှူချင်တယ်။ ”
ကောင်မလေး- ” ၀မ်းနည်း ပါတယ်၊ လက်ဆောင် အပေါစားကို လက်မခံပါဘူး။ ”
ကိုကိုချဉ်- “မင်းလေးနဲ့ဆိုရင် ကမ္ဘာ့ အစွန်အဖျားတောင် သွားရဲပါတယ်ကွယ်။ ”
ကောင်မလေး- “အဲဒီမှာ ရှင် နေရစ်ခဲ့မလား။ ”
ကိုကိုချဉ်- ” ကိုယ်လေ မင်းလေးကို အပြင်မှာ တွေ့ဖူး မြင်ဖူး နေသလိုပဲနော်။ ”
ကောင်မလေး- ” ဟုတ်မှာပေါ့ ကျွန်မက ကာလသား ရောဂါကု ဆေးခန်းမှာ အလုပ်လုပ်ပါတယ်။ ”
ဟွင်… တေဟ !
မချိုမချဉ်ဟာသများ

မှတ်ချက်များ