အစမှာတော့ သူငယ်ချင်းဟုတ်မဟုတ် မသေချာဖြစ်နေပေမယ့် တရားသူကြီးဖြစ်သူ အမျိုးသမီးဟာ သူ့နဲ့ တစ်တန်းတည်းတက်ခဲ့တဲ့ အတန်းဖော်မှန်းသိသွားတဲ့အချိန်မှာတော့ စွဲချင်တင်ခံထားရသူ တရားခံဘုသ်ဟာ မျက်နှာကို လက်ဝါးနဲ့အုပ်ပြီး စတင်ငိုကြွေးပါတော့တယ်။ အလယ်တန်းကျောင်းမှာတုန်းက တကယ်ခင်စရာ ကောင်းပြီး ဘောလုံးအတူတူကစားခဲ့ကြဖူးတာကိုလည်း အမှတ်ရကြောင်း တရားသူကြီးက ပြောခဲ့ပါတယ်။ သူ့သူငယ်ချင်းအနေနဲ့ ဘာကြောင့်ဒီလိုဖြစ်သွားတယ်ဆိုတာကိုလည်း အံသြမိတယ်လို့ တရားခွင်မှာပဲ တရားသူကြီးက ပြောခဲ့ပါတယ်။
တရားသူကြီးဖြစ်သူ ဂလေဇာကတော့ ဘုသ်ကို အနာဂတ်မှာဥပဒေဘောင်ထဲမှာ နေထိုင်သွားမယ်လို့ မျှော်လင့်ကြောင်း ထပ်ပြီးပြောခဲ့ပါတယ်။ အလယ်တန်းကျောင်းက သူငယ်ချင်းနှစ်ဦး နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် တရားရုံးမှာ တရားသူကြီးနဲ့ တရားခံအဖြစ် ပြန်ပြီးတွေ့ကြတဲ့အပေါ် အားလုံးက စိတ်ဝင်စားနေကြပါတယ်။
Planet Myanmar

မှတ်ချက်များ