ဤ Post ကို Share ပေးခြင်းဖြင့် ကုသိုလ်ပါဝင်ယူကြပါ
ပသန္နစာရီ သီလရှင် ပရဟိတ စာသင်တိုက်
တည်နေရာ။ ။ အောင်သုခ(၃)လမ်း၊ မြို့မတိုးချဲ့ရပ်ကွက်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
သီလရှင်ဆရာကြီး ဒေါ်ပုဏ္ဍကေသီ
ဖုန်း - 09 315 143 34 | 09 795 491 446
အဆိုပါ သီလရှင် စာသင်တိုက်တွင် တိုင်းရင်းသူ သီလရှင်ဆရာလေး အပါး(၅၀)ကို ပြုစုစောင့်ရှောက် ပညာသင်ကြားပေးလျက်ရှိပါသည်။ အဆိုပါ စာသင်တိုက်ဖွင့်လှစ်ခဲ့သည်မှာ (၂)နှစ် ရှိပြီဖြစ်ပါသည်။
ပညာသင်ကြားမှုအနေဖြင့် အနီးအနားရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် သွားရောက် ပညာ သင်ကြား စေလျက်ရှိပြီး လိုအပ်သည့် ကျောင်းသုံးစာရေးကိရိယာများနှင့် ကျောင်းသုံးစရိတ်များကို သီလရှင် စာတိုက်မှ ထောက်ပံ့ပေးလျက်ရှိပါသည်။
အာဟာရဒါနကျွေးမွေးမှုအနေဖြင့် ကျောင်းပိတ်ရက်များတွင် သီလရှင်ဆရာလေးများမှ လှည်းကူးမြို့အတွင်း လှည့်လည်အလှူခံ၍ ရရှိလာသော ဆန်၊ စားသောက်ဖွယ်ရာ ပစ္စည်းများကို စုဆောင်း၍ နေ့စဉ် ချက်ပြုတ် ကျွေးမွေးနေရပါသည်။ တစ်နေ့တာအတွက် ကျပ် ၁ သိန်းကျော်သာ ကုန်ကျကြောင်း သီလရှင်ဆရာကြီးမှ မိန့်ကြားခဲ့ပါသည်။
အဆိုပါ သီလရှင်စာသင်တိုက်ကို လူသိနည်းပါးခြင်းကြောင့် အလှူရှင်လာရောက် လှူဒါန်းမှု နည်းပါးခြင်း ဖြစ်ပါသည်။ တစ်နှစ်လုံးမှ အများဆုံး ၃ ကြိမ်လောက်သာ လာရောက်လှူဒါန်းမှုများ ရှိကြောင်း သီလရှင် ဆရာကြီးမှ မိန့် ကြားပါသည်။
လိုအပ်ချက်မှာ ယခုလက်ရှိ သီလရှင်ဆရာလေးများ သီတင်းသုံးနေထိုင်သည့် အဆောက်အဦမှာ ၀ါးများဖြင့် တည်ဆောက်ထားခြင်းကြောင့် ဟောင်းနွမ်းနေပြီဖြစ်သဖြင့် ကြာလာလျှင် အန္တရာယ်ဖြစ်လာနိုင်သည့်အတွက် သီလရှင်ဆရာကြီးမှ အမြန်ဆုံး ပြုပြင်လိုကြောင်း မိန့်ကြားပါသည်။ (ပုံပါအတိုင်း)
သီလရှင်ဆရာလေးများ နေ့စဉ် သုံးဆောင်ရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ….. အစရှိသော စားသောက်ကုန်များနှင့် စာရေးကိရိယာများ၊ သီလရှင်ဝတ်စုံများ လိုအပ်လျက်ရှိနေပါသည်။
သို့ဖြစ်ပါ၍ မွေးနေ့အလှူရှင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင် မိဘပြည်သူများအနေဖြင့် အဆိုပါ ကျောင်းသို့ ဆက်သွယ်စုံစမ်းလှူဒါန်း လိုပါကသီလရှင်ဆရာကြီး ဒေါ်ပုဏ္ဍကေသီ
ဖုန်း - 09 315 143 34 | 09 795 491 446
သို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဤ Post ကို Share ပေးခြင်းဖြင့် ပါဝင်ကုသိုလ်ယူနိုင်ပါစေကြောင်း နှိုးဆော်လိုက်ပါသည်။
ဖိုးစီ (ရွှေညောင်မြေ)
ဓာတ်ပုံ - Naw Htike Htike Htun





မှတ်ချက်များ