ကိုယ်ကျပ်ဝတ်စုံတွေနဲ့ ခန္ဓာကိုယ် ကြွက်သားတွေကို သိသာထင်ရှားအောင်ဝတ်ဆင်ထားတဲ့ ရဲဝန်ထမ်း ယူနီဖောင်းတွေဟာ နော်ဝေနိုင်ငံက ရဲ တပ်ဖွဲ့ဝင်တွေရဲ့ ၀တ်စုံဆိုပြီး အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့ပါတယ်။ ထို ဓါတ်ပုံတွေကို ပထမဆုံး Facebook မှာ Post လုပ်ခဲ့တာကတော့ အကပညာရှင် Anton Maijan ဖြစ်ပြီး သူကတော့ ထို အ၀တ်အစားတွေကို ရဲတွေဟာ Oslo Pride ပွဲတော်မှာ ၀တ်ဆင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း လူမှုကွန်ရက်တွေရဲ့ ထုံးစံအတိုင်းပဲ Twitter အသုံးပြုသူတွေဟာ ထို ဓါတ်ပုံတွေကို ပိုမိုကျယ်ပြန့်စွာ ရောက်ရှိသွားစေခဲ့ပါတယ်။ ထို ဓါတ်ပုံတွေဟာ စစ်မှန်တယ်လို့ ထင်လောက်စရာရှိနေပေမယ့်လည်း ဒီ ဓါတ်ပုံတွေရဲ့ နောက်ကွယ်မှာ ပြသနာတွေရှိနေပါတယ်။ တစ်ကယ်တော့ ထို ၀တ်စုံတွေနဲ့ ဓါတ်ပုံတွေဟာ ဖိုတိုရှော့ပ် နဲ့ ပြုပြင်ထားတာတွေပဲဖြစ်နေပါတယ်။ အော်ရီဂျင်နယ် ဓါတ်ပုံ ကိုတော့ ၂၀၁၀ ခုနှစ်က ဖင်လန်နိုင်ငံက ဓါတ်ပုံဆရာ တစ်ဦးက ရိုက်ထားတာတွေပဲ ဖြစ်ပါတယ်။
ထို ဓါတ်ပုံတွေကို တစ်ကယ် ရိုက်ကူးခဲ့သူ ဖင်လန်နိုင်ငံသား Toni Kaarttinen ကတော့ “ကျွန်တော် Facebook အဖွဲ့တစ်ဖွဲ့ ကို Follow လုပ်ခဲ့ပြီး အဲ့မှာ ပေါ်လာတဲ့ ဓါတ်ပုံက ကျွန်တော်ရိုက်ထားတာနဲ့ အရမ်းတူနေတဲ့အတွက် ကျွန်တော်ဟာ ပြန်ပြီး စစ်ဆေးကြည့်ခဲ့ရပါတယ်။ ဒါငါ့ဓါတ်ပုံတွေများလားပေါ့” လို့ ဆိုခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် လူမှုကွန်ရက်တွေမှာတော့ နော်ဝေးနိုင်ငံက ရဲတွေဟာ Sexy ဖြစ်တယ်ဆိုပြီး နာမည်ကြီးသွားခဲ့ပါတယ်။
Trend Myanmar
Trend Myanmar

မှတ်ချက်များ