ကိုယ့်ချစ်သူရဲ့ အိပ်မက်တွေကို ချောင်းကြည့်နိုင်မယ့် App
သင်သာ ကိုယ့်ချစ်သူ ဘယ်သူ့ကို အိပ်မက်မက်နေလဲ၊ ဘာတွေမက်နေလဲ ဆိုတာကို သိခွင့်ရမယ်ဆိုရင် အံ့သြရမှာပေါ့နော်။ ဒီလိုသိနိုင်ဖို့ ကိုယ့်ချစ်သူရဲ့ အိပ်မက်တွေကို ချောင်းကြည့်နိုင်မယ့် App ထွက်ရှိလာပါပြီ။
စပ်စုချင်တဲ့ သူတွေအတွက် ကိုယ့်ချစ်သူ အိပ်ပျော်နေတုန်း ယောင်တာတွေကို စမတ်ဖုန်းနဲ့ အသံသွင်းထားနိုင်ပါတယ်။ အသေးစိတ်ကို သိနိုင်သလို ကိုယ့်ချစ်သူရဲ့ စိတ်ကူးယဉ် ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေကိုလည်း သိနိုင်ပါတယ်။
App နာမည်ကတော့ Sleep Talk Recorder ပါ။ လူတွေ အိပ်မောကျနေတုန်း ယောက်တာတွေကို နားထောင်ပေးပြီး ယောင်ပြီဆိုတာနဲ့ အသံဖမ်းပေးမယ့် App ပါပဲ။
နံနက်ရောက်ပြီဆိုတာနဲ့ ညက ကိုယ့်ချစ်သူ ဘာတွေ ယောင်ထားတယ်ဆိုတာကို နားထောင်ပြီး ပြန်စစ်ဆေးလို့ ရတာပေါ့။
Jack - သစ်ထူးလွင်
Ref: Daily Mail

မှတ်ချက်များ