အိမ်နီးချင်း အမျိုးသမီးရဲ့ အတွင်းခံခိုးလို့ ဖမ်းခံရတဲ့ လူတစ်ယောက်



ပေါ့လန်း လူတစ်ယောက်ဟာ အိမ်နီးချင်းအိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး အမျိုးသမီးတွေရဲ့ အတွင်းခံကို ခိုးယူခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အသက် ၂၄နှစ်အရွယ်ရှိ Daniel Kowatch ဟာ အတွင်းခံ ရလိုရငြား အိမ်နီးချင်းရဲ့ အိမ်ထဲကိုဝင်ဖို့အတွက်ကို အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အစောပိုင်းမှာ ဖောက်ထွင်းဝင်ရောက်ခဲ့တာပါ။ အဲ့ဒီ့အိမ်မှာနေတဲ့ စုံတွဲက သူခိုးမိသွားပြီး ရဲကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်။

ခေါင်မိုးပေါ်က သူ့ရဲ့ ဂျာကင်အင်္ကျီထဲမှာ အမျိုးသမီးအတွင်းခံ နှစ်စုံ၊ လစဉ်သုံးတွေနဲ့ ဘိုဝီး ဓားကြီးတစ်ချောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

Kowatch ဟာ အမျိုးသမီးအတွင်းခံတွေကို စွဲလန်းလာပြီး တဖြည်းဖြည်းနဲ့ စွဲလန်းမှုက ပြင်းထန်လာတယ်လို့ ဆိုပါတယ်။

သူ့ကို အိမ်ဖောက်ထွင်းဝင်ရောက်မှု၊ အကျိုးပျက်စီးစေမှု တွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

Jack - သစ်ထူးလွင်
Ref: AP

မှတ်ချက်များ