ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ကြက်ဥ မဖြစ်မဖြစ် အနှစ်အရောင်အဆင်းဖြင့် ခွဲခြားသိနိုင်
ကမ္ဘာတစ်ဝှမ်း လူအများက ဘယ်လိုကြက်ဥက ကျန်းမာရေးနဲ့ကိုက်ညီမှု အဖြစ်ဆုံးလဲ မပြောနိုင်ကြပါဘူး။ ကြက်မတူရင် ဥလည်း တစ်မျိုးစီဖြစ်ကြပါတယ်။ အရောင်အဆင်း၊ အရွယ်အစားတွေလည်း ကွဲပြားခြားနားကြပါတယ်။ အိမ်မွေးကြက်ဥဆိုရင် ၄င်းရဲ့အနှစ် ပိုရင့်နေပါလိမ့်မယ်။ အနှစ်ရဲ့ အရောင်အဆင်းက ၄င်းကြက်မှ စားသုံးတဲ့ အစားအစာရဲ့ လွမ်းမိုးမှု ခံရနိုင်ပါတယ်။
ခြားနားချက်များက မြင်သာပါတယ်။ အိမ်မွေးကြက်ဥတွေမှာ လိမ္မော်ရင့်ရောင်ရှိပြီး ထူထူလေးနဲ့ ပြည့်ပြည့်တင်းတင်းပိုဖြစ်တဲ့ အနှစ်တွေ ရှိကြပါတယ်။ ကြက်ဥခွံက ပိုထူပါတယ်။ ဒါ့ကြောင့် ခွဲရလည်း ပိုခက်တယ်။ ဒါပေမယ့် ဘာကြောင့် အနှစ်အရောင်အဆင်းကိုသေချာစစ်ဆေးဖို့ အရေးကြီးလဲဆိုရင်တော့ လိမ္မော်ရောင်အနှစ်ရှိကြက်ဥတွေဟာ စားဖို့သင့်ပြီး အာဟာရတွေ ပါဝင်နေတဲ့ လက္ခဏာတစ်ခု ဖြစ်နေလို့ပါပဲ။
ပေါ်ထွန်း - Trend Myanmar

မှတ်ချက်များ