လက်သည်းဆိုးဆေးတွေက သင့်ကိုယ်အလေးချိန်ကို တက်စေနိုင်
Duke University နဲ့ Environmental Working Group မှ အန္တရာယ်ဖြစ်စေနိုင်တဲ့ အသုံးများဆုံး လက်သည်းဆိုးဆေး ပါဝင်ပစ္စည်းတစ်မျိုးဟာ အထူးသဖြင့် မကြာခဏ လက်သည်းဆေးဆိုးသူတွေအတွက် အသက်အန္တရာယ် ဖြစ်စေနိုင်ကြောင်း အတိအလင်းဖော်ပြခဲ့ပါတယ်။
Triphenyl phosphate (TPHP) က လက်သည်းဆိုးဆေးတွေကို flexible ပိုဖြစ်စေပြီး ကြာရှည်လည်း ပိုခံစေပါတယ်။ ပြီးတော့ ပလတ်စတစ်ပြုလုပ်ရန် နဲ့ ရာဘာ၊ ပလတ်စတစ်စတဲ့ ပရိဘောဂပစ္စည်းတွေ မတော်တဆ မီးစွဲခြင်းမှ ကာကွယ်ဖို့လည်း သုံးပါတယ်။
TPHP ဆိုတာ ဟော်မုန်းဓာတ်များ ထိခိုက်အနှောင့်အယှက် ဖြစ်စေတဲ့ အရာတစ်ခုဖြစ်တယ်။ တိရိစ္ဆာန်တွေနဲ့ စမ်းသပ်မှုတွေပြုလုပ်ရာမှာ မျိုးပွားခြင်းနဲ့ ဖွံ့ဖြိုးကြီးထွားမှုဆိုင်ရာ ပြသနာဖြစ်စေတဲ့ ရလဒ်တစ်ခု ပြခဲ့ပါတယ်။ လူတွေမှာ ကိုယ်အလေးချိန်တက်ခြင်း ဆက်စပ်မှု ရှိကောင်းရှိနိုင်ကြောင်းသို့သော် ခိုင်ခိုင်လုံလုံ မပြောနိုင်မချင်း လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း သိပ္ပံပညာရှင်များက ဆိုပါတယ်။
ယင်းသုတေသနပညာရှင်တွေက အစမ်းသပ်ခံသူများရဲ့ ကျင်ငယ်ကို TPHP ၁ ရာခိုင်နှုန်း ပါဝင်တဲ့ လက်သည်းဆိုးဆေးတစ်ခုနဲ့ လက်သည်းမဆိုးခင်နဲ့ ဆိုးပြီးအခြေနေကို စမ်းသပ်စစ်ဆေးခဲ့ပါတယ်။ လက်သည်းဆေးဆိုး ဆိုးပြီးနောက် ၂ နာရီမှ ၆ နာရီအကြာမှာ အစမ်းသပ်ခံသူတွေအနက် ၂၄ ယောက်မှာ ခန္ဓာကိုယ်အတွင်း TPHP တက်ရောက်မှုရှိကြောင်း ညွန်ပြတဲ့ ဓာတုပစ္စည်း diphenyl phosphate (DPHP) ပမာဏအနည်းငယ် မြင့်တက်ခဲ့တယ်။
လက်သည်းဆေးဆိုးပြီးနောက် ၁၀ နာရီမှ ၁၄ နာရီအကြာမှာ အယောက်ချင်းစီမှာ DPHP ပမာဏ ၇ ဆနီးပါး မြင့်တက်မှု ရှိခဲ့တယ်။ Environment Working Group မှ လက်သည်းဆိုးဆေး ကုမ္ပဏီတွေထံ သူတို့ ထုတ်ကုနတွေကနေ TPHP ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့ အသနားခံစာ ပေးပို့ခဲ့ပါတယ်။ နောက်ပြီး ဝက်ဘ်ဆိုဒ်မှာ TPHP ပါဝင်တဲ့ brand တံဆိပ်တွေရဲ့ အချက်လက်များ ဖော်ပြပေးထားပါတယ်။
ပေါ်ထွန်း - Trend Myanmar

မှတ်ချက်များ