ကားကို သွားနဲ့ ဆွဲပြတဲ့ အသက် ၈၀ ကျော် အမေအို






အသက် ၈၀ အရွယ် Wang Xiaobei လို့ အမည်ရတဲ့ တရုတ်ပြည်မှ အမေအို တစ်ဦးဟာ SUV ကားကို သွားနဲ့ ဆွဲပြ ပါတယ်။ SUV ကား ဆိုတာ ပါဂျဲရိုး ကား ကဲ့သို့ အရွယ်အစား ရှိတဲ့ကားမျိုး ဖြစ်ပါတယ်။

Shandong ပြည်နယ် Binzhou မှာ နေထိုင်ပြီး အရင်တုန်းက စာရင်းကိုင် အလုပ်ကို လုပ်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက ယနေ့အချိန် အထိ သွား အင်မတန် သန်မာသူ တစ်ဦး ဖြစ်ပါတယ်။ သွားတင်မက ခန္ဓာကိုယ်ပါ ကျန်းမာ သန်စွမ်း ပါတယ်။ သာမန်လူ ဆိုတောင် ကားတစ်စီး ရွေ့ဖို့ အတွက် သွားနဲ့ မဟုတ်ပဲ ကြိုးနဲ့ ဆွဲရင်တောင် အတော်လေး လေးပါတယ်။ Wang အမည်ရ အမျိုးသမီးကြီး အတွက်ကတော့ လွယ်ကူတဲ့ လုပ်ဆောင်ချက် တစ်ခု ဖြစ်ပါတယ်။

သူမ အနေနဲ့ ယခုအချိန်မှာ စာရင်းကိုင် အလုပ်ကို မလုပ်တော့ပဲ ကားကို သွားနဲ့ ဆွဲတဲ့ ပြကွက်ဖြင့် ဖျော်ဖြေရေး ပြပွဲ အချို့မှာ ပြုလုပ်လို့ အောင်မြင်နေပြီ ဖြစ်ပါတယ်။ အသက်အကြီးဆုံး သွားဖြင့် ကားကို ဆွဲသူအဖြစ်လည်း စံချိန်တင်ရဖွယ် ရှိပါတယ်။ သူမ ဆွဲတဲ့ ကားဟာ ၁.၅ တန် လေးပါတယ်။

အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ