ဆီးရီးယားစစ်ဘက်က အယ်လ်နျူဆရာ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ကို သုတ်သင်
ဆီးရီးယား စစ်ဘက်သည် ဆီးရီးယား အစိုးရကို တိုက်ခိုက်မှုများ လုပ်ဆောင် နေသည့် အယ်လ်ကိုင်ဒါ အဖွဲ့ကို သစ္စာခံသော အယ်လ်နျူဆရာ တပ်ဦး အကြမ်းဖက် အဖွဲ့ ခေါင်းဆောင်အား သုတ်သင် ချေမှုန်း နိုင်ခဲ့ကြောင်း Sputnik News သတင်းဌာနက အောက်တိုဘာ ၂၄ ရက်တွင် ဖော်ပြထားသည်။
အီဂျစ်နိုင်ငံဖွား အဘူဆူလေမန် အယ်လ်မာဆရီ အမည်ရှိ အဆိုပါ အကြမ်းဖက် ခေါင်းဆောင်ကို အလက်ပို မြို့ပြင်ရှိ တယ်အယ်လ်ကာ ဆန်နီ ကျေးရွာတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှု၌ ချေမှုန်း နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခု ရက်သတ္တပတ် အတွင်း ISIS စစ်သွေးကြွ အဖွဲ့သည် အခြား အကြမ်းဖက် အဖွဲ့နှင့် ပူးပေါင်းကာ ဆီးရီးယား စစ်ဘက်၏ ထိုးစစ်အား ပြန်လည်ခုခံ ရန်အတွက် ရေဒီယို ဆက်သွယ် ပြောဆိုမှုကို ရုရှားက ကြားဖြတ်ဖမ်းယူ နိုင်ခဲ့ပြီးနောက် အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဆီးရီးယား စစ်ဘက်သည် နိုင်ငံအတွင်းရှိ အတိုက်အခံ သူပုန်တပ်ဖွဲ့ များနှင့် ISIS စစ်သွေးကြွ များကိုလည်း တိုက်ခိုက် ချေမှုန်းလျက် ရှိကြောင်း သိရသည်။
PyiChitThar

မှတ်ချက်များ