မိန်းကလေးများအတွက်သာ
ဆိတ်ဆိတ်နေခြင်းဟာ မိန်းကလေးတစ်ယောက်ရဲ့ အကျယ်ဆုံးငိုသံတဲ့!
မိန်းကလေးတွေဟာ တစ်ခုခုခံစားရပြီဆိုရင် စကားသိပ်မပြောချင်တော့ဘူး ပြောရင်လည်း မောတယ်လို့ ခံစားရတယ်။ ဒါမှမဟုတ် သူဟာ ဆိတ်ဆိတ်နေတာ ကျင့်သားရသွားလို့ပဲလား!
နာကျင်တာ ကျင့်သားရသွားလို့ပဲလား!
ငြိမ်သက်တိတ်ဆိတ်တာကို ကျင့်သားရသွားလို့ပဲလား!
မိန်းကလေးတစ်ယောက် သင့်ကို မခေါ်မပြောတော့တဲ့အခါ တကယ်တော့
သူ ဒဏ်ရာနက်နက် ရသွားခဲ့လို့ဖြစ်တယ်။
အမေရိကန် Minnesotaပြည်နယ် St Paul Ramsey Medical
Centerက ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ ……
မျက်ရည်မထွက်အောင်(မငိုမိအောင်) အောင့်အီးနေသူတွေဟာ
ကိုယ့်ကိုယ်ကို “သေကြောင်းကြံ”နေတာနဲ့တူတယ်လို့ ဆိုပါတယ်။ ပညာရှင်တွေရဲ့ ပြောကြားချက်မှာ စိတ်ထိခိုက်၊ ဝမ်းနည်းခြင်းတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။ အဲဒီလို စိတ်ထိခိုက်၊ ဝမ်းနည်းချိန်မှာ ငိုကြွေးတာဟာ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
ပညာရှင်တွေက မျက်ရည်ကို ဓာတုဗေဒနည်းနဲ့ ခွဲခြမ်းစိတ်ဖြာကြည့်တဲ့
အခါ မျက်ရည်ထဲမှာ အရေးပါတဲ့ ဓာတုပစ္စည်းနှစ်မျိုးဖြစ်တဲ့ (Enkephalin
and Prolactin)တို့ ပါဝင်တာကို တွေ့ခဲ့ရတယ်။ မျက်ရည်က ခန္ဓာကိုယ်ထဲစုပြုံနေတဲ့ စိတ်ကိုအားငယ်ညိုးနွမ်းစေတဲ့ တခြားဓာတုပစ္စည်းတွေကို ချေဖျက်ပေးနိုင်တယ်။ စိတ်ဖိအားကို လျော့ချပေးနိုင်ပါတယ်။
အမျိုးသမီးတွေဟာ အမျိုးသားထက် ပိုအသက်ရှည်ရတာဟာ မျက်ရည်ပိုကျတတ်လို့၊ ငိုတတ်လို့လို့ ပညာရှင်တွေက ထင်မြင်ကြပါ
တယ်။
ဆွီဒင်သိပံ္ပပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ မိန်းကလေးတွေ
ဟာ တစ်နေ့ကို ကော်ဖီသုံးခွက်အထက် သောက်ရင် ရင်သားမဖွံ့ဖြိုးတတ်ဘူးလို့ ဆိုပါတယ်။ မိန်းကလေးအများစုရဲ့
ခန္ဓာကိုယ်ထဲမှာ ထူးခြားတဲ့မျိုးစေ့ဗီဇ(gene)ပါဝင်ပြီး အဲဒီမျိုးစေ့ဗီဇနဲ့ ကော်ဖီထဲပါတဲ့(caffeine)ဓာတ်တို့ကြောင့် ရင်သားတွေ သေးငယ်သွားတတ်တယ်လို့ ဆိုပါတယ်။
ဘဝမှာ ခဏတစ်ဖြုတ်၊ လျှပ်တစ်ပြက်တွေက များလွန်းတယ်
ကားဂိတ်မှာ လက်ပြနှုတ်ဆက်တာမျိုး၊ အခုပဲပွေ့ဖက် အခုပဲလမ်းခွဲလိုက်တာမျိုး…
အချိန်တော်တော်များများမှာ နင်နားမလည်သလို ငါလည်းနားမလည်
ခဲ့ဘူး။
ဒီလိုပါပဲ……
ပြောရင်းပြောရင်း ပြောင်းလဲကုန်တယ်
နားထောင်ရင်း နားထောင်ရင်း ငြီးငွေ့ကုန်တယ်
ကြည့်ရင်းကြည့်ရင်း စိတ်ကုန်ကုန်တယ်
နောက်က လိုက်ရင်းလိုက်ရင်း နှေးကွေးကုန်တယ်
လျှောက်ရင်းလျှောက်ရင်း လမ်းခွဲကုန်တယ်
ချစ်ရင်းချစ်ရင်း အချစ်လျော့ကုန်တယ်
လွမ်းရင်းလွမ်းရင်း အဆုံးသတ်ကုန်ကြတယ်။
ငါအရမ်းပျင်းတယ်….. ဒါကြောင့် အကောက်ကြံတဲ့ဘာကြံစည်မျိုးမှ ငါနဲ့မကစားပါနဲ့။ အဲဒီအချိန်အတွက် ငါပိုအိပ်နေလိုက်မယ်။
ငါအရမ်းပျင်းတယ်….. ဒါကြောင့် တခြားအချိန်တိုင်းမှာလည်း ငါ့ကို တုံး,အတယ်လို့ မထင်ပါနဲ့။ မလိုအပ်ဘဲ ခေါင်းရှုပ်ခံရေးကြီးခွင့်ကျယ်
လုပ်ဖို့ ငါပျင်းလို့ပါ။
ငါအရမ်းပျင်းတယ်….. ဒါကြောင့် ဟိုလိုလိုဒီလိုလို မပြတ်မသား ငါနဲ့မကစားပါနဲ့။ နင်မျှော်လင့်ချက်မဲ့မှာ ငါစိုးလို့ပါ။
ဘဝထဲက နေ့ရက်တိုင်းကို အပြစ်မြင် မညည်းတွားပါနဲ့။
ကောင်းတဲ့နေ့ရက်က သင့်ကို ပျော်ရွှင်ခြင်းတွေပေးမယ်။
မကောင်းတဲ့နေ့ရက်က သင့်ကို အတွေ့အကြုံတွေပေးမယ်။
အဆိုးဆုံးနေ့ရက်က သင့်ကို သင်ခန်းစာတွေပေးမယ်။
မိန်းကလေးတွေအတွက် အကြံဉာဏ်(၁၄)ချက်
(၁) စာဖတ်ဝါသနာရှိပါစေ
(၂) အဆင့်အတန်းရှိပါစေ
(၃) ဘဝထဲကအလှတွေကို ရှာဖွေတတ်ပါစေ
(၄) အတွေးအခေါ်ကောင်းသူတွေနဲ့ မိတ်ဆွေဖွဲ့တတ်ပါစေ
(၅) အနှစ်သာရမရှိတဲ့ ရုပ်ရှင်ကားတွေကို ဝေးဝေးရှောင်နိုင်ပါစေ
(၆) သည်းခံခွင့်လွှတ်တတ်ဖို့ သင်ယူနိုင်ပါစေ
(၇) ကျန်းမာတဲ့စိတ်နှလုံး မွေးမြူနိုင်ပါစေ
(၈) လှပတင့်တယ်ခြင်းက သင်ရဲ့ရင်းနှီးမြှပ်နှံမှုဖြစ်ပါစေ
(၉) ဘယ်ယောက်ျားကိုမှအားမကိုးတဲ့ ကိုယ့်ကိုယ်ကိုရှင်သန်နိုင်သူ ဖြစ်ပါစေ
(၁ဝ) ငွေရေးကြေးရေး စီမံခန့်ခွဲတတ်အောင် သင်ယူနိုင်ပါစေ
(၁၁) အချစ်နဲ့ အိမ်ထောင်ရေး အတူတကွပူးတွဲနေပါစေ
(၁၂) ယောက်ျားတွေနဲ့ တန်းတူညီမျှ ရင်ဘောင်တန်းနိုင်ပါစေ
(၁၃) သင့်စိတ်ကူးအိပ်မက်ကို ကူညီအကောင်အထည်ဖော်ပေးမယ့် ယောက်ျားကိုရှာယူနိုင်ပါစေ
(၁၄) နုပျိုခြင်းကို စွန့်လွှတ်ရသည့်တိုင် အပြုံးကိုချိတ်ဆွဲထားနိုင်ပါစေ။
Credit : ငွေတာရီ

မှတ်ချက်များ