![]() |
| (မြေပြိုကျပျက်စီးနေသည့်ကလေးဝမြို့နယ်ကျော်ဇင်ရွာမြေများအက်ကွဲပြိုကျနေပုံ။) |
“ကျွန်တော်တို့ကျော်ဇင်ရွာမြစ်သာမြစ်ကမ်းပါးရေတိုက်စားပြိုကျမှုက စက်တင် ဘာ လဆန်းဒုတိယအကြိမ်ရေကြီးရေ လျှံမှုဖြစ်ပွား ရာကစတင်ခဲ့ တာဖြစ်ပါတယ် ၊အခုကျွန်တော်တို့အနေနှင့်ရွာပြောင်းရမယ်ဆို ရင်လည်း တစ်စု တစ်ဝေး တည်းရချင်ပါတယ် ၊အကွဲကွဲအပြားပြားမဖြစ် ချင်ပါ ဘူး၊နောက်ပြီးဒီဖက် မှာရေကာတာရိုက်မဲ့အနေ အထား၊ ပွင့်လင်း မြင်သာမှု ရှိ စေချင်ပါ တယ်၊”ဟုကျော်ဇင် ရွာသားဦးဘပို ကပြောသည်။
ကျော်ဇင်ရွာတွင်လူနေအိမ်ခြေ(၁၄၇)ရှိ့ပြိး၊အိမ်ထောင်စု(၁၅၇)စု၊လူဦးရေ(၇၇၁)ရှိ့ကြောင်းသိရသည်။
မြစ် သာမြစ်ရေတိုက် စားမှုကြောင့်ကမ်းပါးပြိုကျ ၍ ရွှေ့ပြောင်းရမည့် အိမ်ထောင်စု များအတွက် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်အကြီးအကဲများမှ တာဝန်ယူဆောင်ရွက်ပေးနိုင်ရန် အမြန်ဆုံးလိုအပ်နေကြောင်းသိရသည်။
“ကျော်ဇင်ရွာကလူနေအိမ်ခြေ(၁၈၀)၀န်းကျင်ရှိ့တယ်၊ရေကြီးရေလျှံ မှုစတင်ဖြစ်ပွားကတည်း ကရွာ ဥက္ကဋ္ဌ ကိုကျွန်တော် ကသတိပေးခဲ့ တယ်အခုဖြစ်ပုံက အထက်ကညွှန်ကြားဆောင်ရွက် ချက်တွေက အလွန် ကောင်းပါ တယ်၊ ဒီဖက်က အကောင်အထည်ဖေါ်တဲ့ သူတွေ၊ ပိုက်ဆံ ရှိ့ တွေပေါင်းပြီး၊မြေတွေဝယ်တယ်၊ ပိုင်ဆိုင်မှုတွေပြ တယ်၊ဆိုတော့ဒေသ ခံတွေအခက်အခဲဖြစ်ကြ တာပေါ့၊မြို့နယ် တာဝန်ရှိ့တွေ အနေနှင့်ကျော် ဇင်ရွာသူရွာသားတွေရဲ့လိုအပ်ချက် ကိုလုပ်ကိုင်ပေး ရမှာဖြစ်ပါတယ်၊”ဟု တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ် ဦးထွန်းမောင် ကပြော သည်။
ကလေးဝမြို့နယ်အုပ်ချုပ်ရေးမှူးထံကျော်ဇင်ရွာရေတိုက်စားပျက်စီး ပြောင်းရွှေ့မှုနှင့်ပတ်သက်၍မေးမြန်းရာမြေနေရာ၊ပြောင်းရွှေ့ရေး၊မြေ ပြုပြင်ရေးကိစ္စများကိုဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်းနှင့်နောက်ထပ်လိုအပ်ချက်များရှိ့ပါကလည်းအကူအညီပေးရန်အသင့်ရှိ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးခင်မောင်လွင်မှဖြေကြားသည်။
မြအိုးစည်-ကလေးဝ / Yangon Media Group

မှတ်ချက်များ