ရေဘေးရန်ပုံငွေ ဂီတပွဲတော် ကိုကာကိုလာ ပြုလုပ်မည်


မြန်မာနိုင်ငံ တ၀န်းမှာ ကြုံခဲ့ရတဲ့ ရေဘေးသင့်ဒေသတွေ ပြန်လည် ထူထောင်ရေးအတွက် ရန်ပုံငွေဂီတပွဲတော်တစ်ခုကို ရန်ကုန်မြို့က မျှော်စင်ကျွန်းမှာ အောက်တိုဘာ ၂၄ ရက်နေ့ ပြုလုပ်မှာ ဖြစ်ပါတယ်။

ချစ်ကောင်း၊ ဂျက်ဆန်ထွန်း၊ ကော်နီအပါအ၀င် အဆိုတော် ၁၂ ယောက်ပါဝင်ဖျော်ဖြေမယ့် ဒီပွဲကရလာတဲ့ လက်မှတ်ရောင်းရငွေအားလုံးကို ပြည်တွင်း NGO တစ်ခုဖြစ်တဲ့ Network Activities Group ကို လှူဒါန်းမယ်လို့ ကိုကာကိုလာက ကြေငြာထားပါတယ်။

ဒီပွဲကျင်းပနေတုန်းမှာ သတ်မှတ်ထားတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး လှူဒါန်း နိုင်မှာလည်းဖြစ်ပါတယ်။

ပိုင်စိုး - DVB

မှတ်ချက်များ