မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွေးချန်ပီယံရှစ်
အခုခေတ် ဖက်ရှင်ဘလော့ဂ်တွေ သတင်းတွေ အင်စတာဂရမ်အကောင့်တွေမှာ ခေတ်သစ်မုတ်ဆိတ်ပုံစံအမျိုးမျိုးကို တွေ့ရမှာပါ။
ဒါပေမဲ့ မျက်နှာပေါ်က အမွေးအမျှင်ကို အလှအပအဖြစ်ထားတဲ့ ဒီလိုစတိုင်လ်မျိုးကတော့ ဒီနှစ်ကျင်းပတဲ့ မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွေးချန်ပီယံရှစ်ပြိုင်ပွဲကြောင့် စိတ်ဝင်စားမှုအမြင့်ဆုံးကို ရောက်ရှိသွားခဲ့ပါတယ်။
ပြိုင်ပွဲဝင် ၃၀၀ ကျော်ဟာ ဒီပြိုင်ပွဲကျင်းပရာ သြစတြီးယားနိုင်ငံက အယ်လ်ပိုင်းရွာကိုရောက်ရှိလာပြီး သူတို့ရဲ့ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေကို ပုံစံမျိုးစုံသွင်းကာ ယှဉ်ပြိုင်နေကြတာကတော့ ပြီးခဲ့တဲ့စနေနေ့ကပါ။
ဒီပြိုင်ပွဲကို ၁၉၉၀ က စတင်ကျင်းပခဲ့ပြီး ကမ္ဘာတစ်လွှားက နေရာစုံမှာ နှစ်အနည်းငယ်ကိုတစ်ကြိမ် ကျင်းပခဲ့တာဆိုရင် ဒီနှစ်မှာတော့ စိတ်ပါဝင်စားသူ ပိုမိုတိုးပွားလာပါတယ်။
ဒီပြိုင်ပွဲမှာ အုပ်စု ၃ ခု အဖြစ် နှုတ်ခမ်းမွေး၊ ရိတ်ပြီးပုံသွင်းထားတဲ့မုတ်ဆိတ်၊ မုတ်ဆိတ်အရှည်ဆိုပြီး ခွဲခြားထားကာ ကဏ္ဍ ၁၆ မျိုး ခွဲခြားကျင်းပခဲ့ပါတယ်။
ညီမင်းဟန်(ဆန္ဒကူး)




















မှတ်ချက်များ