ကမ္ဘာ့ရှားပါး မြန်မာ့မြေဖွား မျောက်ငတောက်တီး (Snub-nosed monkey)
Snub-nosed monkey လို့ခေါ်တဲ့ မျောက်ဟာ မြန်မာပြည်ဖွားမြောက် ဖြစ်ပြီး ကမ္ဘာ့ အရှားပါးဆုံး မျိုးစိတ်သစ် အထဲမှာ ပါဝင်လာပါတယ်။ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းဒေသ ဟိမဝန္တာ တောမှာ ကျင်လည် နေထိုင်ပါတယ်။ ယင်း နယ်ခံ လီဆူး၊ လော်ဝေါ် လူမျိုးများက Snub-nosed monkey ကို မြောက် ငတောက်တီးလို့ အမည်ပေးပါတယ်။
၂၀၁၀ ခုနှစ်လောက်က ဆွစ်ဇာလန်က ပညာရှင်နဲ့ မြန်မာ နယ်ခံ ပညာရှင်တို့ ပူးပေါင်း ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ စုစုပေါင်း အကောင်ရေအားဖြင့် အကောင် ၂၆၀ ကနေ ၃၃၀ အထိပဲ ရှိပါတယ်။ တရုတ်ပြည်ဘက် အခြမ်းမှာဆိုရင် အကောင် ၁၀၀ ဝန်းကျင်ပဲ ရှိပါတော့တယ်။ ယင်း မျောက်များ နေထိုင်တဲ့ တောကို ဘေးမဲ့တော အဖြစ် စောင့်ရှောင့် ထားရှိပေးရန် တရုတ်ပြည်ဘက်ရော၊ မြန်မာပြည်ဘက်မှာပါ ဆောင်ရွက်ရန် နိုင်ငံတကာ အဖွဲ့အစည်းမှ တောင်းဆိုထားကြောင်း သတင်းမှာ ရေးသား ဖော်ပြထားပါတယ်။
မျောက်ဟာ ခေါင်းကနေ ခြေထောက် အထိ ၂၁ လက်မ ရှည်ပါတယ်။ မျောက်ဟာ မိုးရွာတဲ့အခါ ခေါင်းကို သူ့ ဒူးနှစ်လုံးကြားထဲမှာ ငုံ့ပြီးတော့ ထည့်ထား ပါတယ်။ နှာခေါင်းပေါက်ကနေ ရေဝင်မှာစိုးလို့ ဖြစ်ပါတယ်။
မျောက်ငတာက်တီးဟာ တောင်ကုန်းမြင့် ဒေသတွေမှာသာ နေထိုင်တတ်ကြ ပါတယ်။ သူတို့ အိပ်တဲ့အခါ နှာခေါင်းကနေ အသံထွက်တာကြောင့် ရှာဖွေရန် လွယ်ကူကြောင်း ဆိုပါတယ်။ ဒါပေမယ့် သူတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်ဟာ လူသူ အင်မတန် အရောက်ခဲတာကြောင့် မျောက်ရဲ့ အရိပ်အရောင်ကို သာမန် နက်တဲ့ တောထဲမှာ အင်မတန် ရှာရခက် ပါတယ်။ ယင်း မြန်မာဖွား Snub-nosed monkey ကို ကမ္ဘာ့ ရှားပါး သတ္တဝါ မျိုးစိတ် စာရင်းထဲမှာ တရားဝင် ထည့်သွင်းထားပါတယ်။
အောင်ခမ်း (ရိုးရာလေး)


မှတ်ချက်များ