မယားပါသမီးကို သတ်ပြီး အလောင်းနဲ့လိင်ဆက်ဆံခဲ့တဲ့ ပထွေး
ပထွေးတစ်ယောက်ဟာ သူ့မယားပါသမီးကို သတ်ပြီး အလောင်းနဲ့လိင်ဆက်ဆံကာ ဗီဒီယိုရိုက်ကူးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ပထွေးဖြစ်သူ Gregory R Graf က မယားပါသမီးဖြစ်သူ Jessica Padgett ကို သတ်ခဲ့ပြီး သူမ အလောင်းနဲ့ လိင်ဆက်ဆံခဲ့တယ်ဆိုတာကို ဒီ ဗီဒီယိုဖိုင်က သက်သေပြနိုင်တယ်လို့ တရားရုံးရှေ့နေတွေက ဆိုပါတယ်။
အသက် ၅၃နှစ်အရွယ် Graf ဟာ အသက် ၃၃နှစ်အရွယ် Padgett နဲ့ လိင်ဆက်ဆံချင်တယ်လို့ ပြောပြီး သူမ သေသွားပြီးတဲ့နောက် လိင်ဆက်ဆံခဲ့တာပါ လို့ Graf က တရားစွဲဆိုခံရတဲ့နေ့မှာ အရာရှိတွေကို ပြောခဲ့ပါတယ်။
ဒီအမှုဟာ အမေရိကန်နိုင်ငံ၊ Pennsylvania ပြည်နယ်၊ Allen မြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။ Graf က Padgett ရဲ့ ခေါင်းနောက်တည့်တည့်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ Padgett ပျောက်သွားလို့ သူ့မိသားစုနဲ့ သူငယ်ချင်းတွေက လိုက်ရှာကြတဲ့အချိန်၊ Graf က Padgett အလောင်းကို သူ့အိမ်မှာ ဖွက်ထားခဲ့တယ်လို့ လည်း သံသယ ရှိခံထားရပါတယ်။
Skyler - သစ်ထူးလွင်
Ref: Mirror

မှတ်ချက်များ