ကားတိုက်ခံရတဲ့ အသက်မဲ့အဖော်နွားအနီးက မခွာကြတဲ့ သစ္စာရှိနွားအုပ်





ဟောင်ကောင်က နွားအုပ်တစ်အုပ်ဟာ သူတို့ထဲက နွားတစ်ကောင် ကားတိုက်ခံရပြီး လမ်းပေါ်မှာ သေဆုံးသွားပေမယ့် အဲဒီနွားနားက မခွာဘဲ လမ်းပေါ်မှာ ဆက်နေခဲ့ကြပါတယ်။

တနင်္ဂနွေမနက်ကဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ကို သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြရာမှာ လူအများစုရဲ့ထိခိုက်ခံစားမှုတွေ ရရှိခဲ့ပြီး South China Morning Post ရဲ့ဖော်ပြမှုအရ ဖြစ်စဉ်အသေးစိတ်ကတော့ နွားအုပ်ထဲက အနက်ရောင်နွားတစ်ကောင်ဟာ ကားတိုက်ခံရပြီး ကားလမ်းမထက်မှာ လဲကျကာ သွေးတွေထွက်လာခဲ့ပေမယ့် ကျန်နွားတွေက ဆက်မသွားကြဘဲ အဖော်နွားဘေးမှာ ၀ိုင်းရံကာ သူတို့ခေါင်းတွေနဲ့ မျက်နှာကို ပွတ်သပ်ပြီး အားပေးနှစ်သိမ့်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနွားအုပ်ကြောင့် လမ်းပိတ်သွားခဲ့လို့ ကားသမားတွေက ဟွန်းတွေဆက်တိုက်တီးခဲ့ကြပေမယ့် သူတို့ကတော့ လမ်းပေါ်ကနေ ဖယ်မပေးခဲ့ကြပါဘူး။

နောက်ဆုံးမှာတော့ ရဲတွေရောက်လာပြီး လမ်းရှင်းပေးတော့မှသာ နွားအုပ်ဟာ ဆက်လက်ထွက်ခွာသွားခဲ့ကြပေမယ့် တိရစ္ဆာန်ညှင်းဆဲမှုကာကွယ်တားဆီးရေးအဖွဲ့က ရဲတွေဟာ သူတို့အဖော်နွားကိုတော့ အသက်ပြန်မသွင်းပေးနိုင်ခဲ့ပါဘူး။

ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ