ဆင်းရဲ ခြင်းအမျိုးအစား ၄ မျိုး

၁. ငွေကြေးဆင်းရဲတာ

သုံးစွဲစရာငွေအလုံအလောက်မရှိခြင်း ကိုယ့်ကိုကိုယ် မကျွေးမွေးနိုင်ခြင်း မိသားစုကိုမကျွေးမွေးနိုင်ခြင်း။

၂.အချိန်ဆင်းရဲတာ

ဘဝကိုအသုံးချဖို့အချိန်မရှိတာ ကိုယ်လုပ်ချင်တဲ့အရာလုပ်ဖို့အတွက် အချိန်မရှိတာ။ တစ်ချို့လည်းပိုက်ဆံရှိပေမဲ့အချိန်မရှိဘူး။
တစ်ချို့ဆိုပိုတောင်ဆိုး အချိန်မရှိတဲ့အပြင် ပိုက်ဆံလည်းမရှိကြဘူး။ ပြီးယင်ဒီ နံပါတ်၃ အရာ ကို အပြစ်တင်တယ်။

၃.အခွင့်အရေးဆင်းရဲတာ

အခွင့်အရေးကောင်းကောင်းတွေဘဝထဲကိုဝင်မလာဘူး။တစ်ချို့လည်းပြောကြတယ် ငါတို့လည်းကြိုးစား
တယ်။
အလုပ်လုပ်နေတယ် ဒါပေမဲ့ဘာကြောင့်ခုထိမအောင်မြင်မချမ်းသာနိုင်သေးတာလည်း ကျွန်တော်တို့အယင်ဆုံးနားလည်ထားကြရမှာကလူချမ်းသာအားလုံးအသီးသီးကြိုးစားခဲ့ကြရတယ်။
ဒါပေမဲ့ကြိုးစားတိုင်းလည်း မအောင်မြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့နေရာမှားပြီးကြိုးစားနေယင်
၁၀ နှစ်ကြာသွားလည်း အလကားပဲ မချမ်းသာလာနိုင်ပါဘူး။ပင်ပင်ပန်းပန်းလုပ်ကိုင်နေယုံနဲ့ အောင်မြင်မယ်ချမ်းသာနိုင်မယ်ဆိုယင် အထမ်းသမားတွေ ကုန်တင်ကုန်ချသမားတွေချမ်းသာကုန်ရောပေါ့
အဲ့ဒီအသက်မွေးဝမ်းကြောင်း အလုပ်တွေက မကောင်းဘူးရယ်လို့မပြောပါဘူး ချမ်းသာလာဖို့အခွင့်အလမ်း
နည်းပါးတယ် လို့သာဆိုလိုတာပါ။
ဒါကြောင့်ကျွန်တော်တို့ work hard တစ်မျိုးတည်းနဲ့မလုံလောက်တော့ပါဘူး။ work smart လည်းလုပ်ရပါ
မယ်။
အခွင့်အလမ်းကောင်းတွေရှာဖွေပြီး ကြုံလာတဲ့အခါ ဖမ်းဆုပ်ယူထားဖို့ ချီတုံချတုံမဖြစ်နေပါစေနဲ့
အခွင့်အရေးဆင်းရဲတာထက် ပိုဆိုးဝါးတာကတော့ အကြိမ်ပေါင်းများစွာ ကျွန်တော်တို့မှာအခွင့်အလမ်းတွေ
 ကြုံတွေ့ကြရပေမဲ့ ကိုယ်တိုင်ကို က သူ့ကိုဖမ်းဆုတ်ထားဖို့ နှောင့်နေးနေတတ်ကြတာဟာ နံပါတ်၎ အမျိုးအစားလိုဆင်းရဲခြင်းဖြစ်ပေါ်စေပါတော့တယ်
……………….
၎.အတွေးအခေါ်ဆင်းရဲတာ

ကိုယ့်ရဲ့ အတွေးထဲဘက်ပေါင်းစုံကနေ တွေးတယ်။ ဒါပေမဲ့ကိုယ့်ရဲ့အစွမ်းအစ ကို ကိုယ်တော့အထင်သေး
တယ်။
အနုတ်သဘောပဲတွေးတယ်။ မအောင်မြင်မှာကိုပဲတွေးနေတယ်။ မလုပ်နိုင်မှာကိုပဲတွေးနေတယ်။
ပြီးတော့အခွင့်အလမ်းတွေ လက်လွတ်သွားတာကိုပဲ ထိုင်ကြည့်နေယင်း.
ပိုက်ဆံ မွဲ အချိန်မွဲ တယ် အခွင့်အလမ်းကောင်းကောင်းတွေကြုံတွေ့ရတယ်။
ဒါပေမဲ့ အတွေးအခေါ်မွဲနေသေးယင်တော့ အာမခံတာ ဘဝကဘယ်လိုမှပြောင်းလဲနိုင်အုန်းမှာမဟုတ်ဘူး

ဒီကနေ့ ကိုယ့်ကိုအထင်သေးတဲ့သူရှိယင် ကိုယ်ကြိုက်ပါ့မလား? မကြိုက်ပါဘူး လို့ဖြေယင်
ဘာကြောင့်ကိုယ့်ရဲ့အရည်အသွေးကို ကိုယ်အထင်သေးရမှာလည်း လူတစ်ရာက မလုပ်နိုင်ပါဘူးလို့ ဘယ်လိုပဲလာပြောနေကြပါစေ ကိုယ့်ကိုယ်ကိုသာ ငါလုပ်နိုင်တယ်ရယ်လို့ ပြောနေယင် လုပ်ကိုလုပ်နိုင်ပါတယ်

Credit: Mingalar Par ThahtayMinGyi

မှတ်ချက်များ